NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်ပြီး SSA မြောက်ပိုင်းနှင့် UWSA တို့ ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုအဆင့် အစည်းအဝေးများ ကျင်းပ



'ဝ' ဌာနချုပ် ပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားညီလာခံတွင် တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံမှ ခေါင်းဆောင်များ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ်။ 
(ဓာတ်ပုံ-စိုင်းထွန်းအောင်လွင်)

17.9.2015

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုနှင့်ပတ် သက်ပြီး SSA မြောက်ပိုင်းနှင့် UWSA 'ဝ'တပ်ဖွဲ့တို့၏ ဗဟိုကော်မတီနှင့် ပေါ် လစ်ဗျူရိုအဆင့် ထိပ်သီးအစည်းအဝေး များကို ယခုရက်ပိုင်းအတွင်း သက်ဆိုင် ရာအဖွဲ့များ၏ ဌာနချုပ်တို့တွင် ကျင်းပ နေကြောင်း သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSP/ SSA ဌာနချုပ်ဝမ်ဟိုင်းတွင် စက်တင်ဘာ ၁၅ရက်မှ စတင်ပြုလုပ်နေသည့် အစည်းအဝေးကို ဥက္ကဋ္ဌစဝ်ပန်ဖ၊ နာ ယက ဗိုလ်ချုပ်ဆေထင်တို့အပါအဝင် ဗဟိုကော်မတီဝင်အားလုံး
တက်ရောက် နေပြီး အပစ်ရပ်ရေးမူတွင်အားလုံးပါ ဝင်ရေးမူကို ဆက်လက်စွဲကိုင်ဖွယ်ရှိနေ ကြောင်း
 အစည်းအဝေးတက်ရောက်နေ သူတစ်ဦးက ရန်ကုန်တိုင်းမ်သို့ပြောသည်။

''အပစ်ရပ်ရေးစာချုပ် လက်မှတ် ရေးထိုးမှုနဲ့ပတ်သက်လို့ နဂိုမူဝါဒအ တိုင်းပဲ အားလုံးပါဝင်ရေးကို ဆက်သွား ဖို့ တော်တော်များများက အစည်းအဝေး မှာ တင်ပြနေကြတယ်''ဟှုဗမြောက် ပိုင်းမှ အမည်မဖော်လိုသူ
တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၆ရက် နေ့ လယ်ပိုင်းတွင် ပြောသည်။

အလားတူ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ် သည့် 'ဝ'ပြည်သွေးစည်း ညီညွတ်ရေး ပါတီမှလည်း အပစ်ရပ်ရေးနှင့်ပတ်သက်၍ ပေါ်လစ်ဗျူရိုအဆင့် အစည်းအဝေး တစ်ရပ်ကို စက်တင်ဘာ၁၇
ရက်မှ စတင် ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ စက်တင်ဘာ ၁၂ ရက်တုန်းက ဦးအောင်မင်းတို့ UPWC နဲ့ကျိုင်းတုံမှာတွေ့တော့ သူတို့က ကျွန် တော်တို့ ပြည်နယ်တောင်းဖို့ အခွင့်အ ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတက် ဖို့လိုတယ်။ ဒါ့ကြောင့် အပစ်ရပ်လက်မှတ်ထိုးရာမှာ ပါဖို့လိုတယ်လို့ပြောတယ်။ ကျွန်တော်တို့ကလဲ တစ်ခါတည်း မဆုံး
 ဖြတ်နိုင်တာကြောင့် ပေါ်လစ်ဗျူရိုအ စည်းအဝေးလုပ်ပြီးမှ အကြောင်းပြန် မယ်လို့ ပြောခဲ့တယ်။ ကျွန်တော့်အမြင် အရတော့ မူဝါဒက သိပ်ပြောင်းဖို့ မမြင် သေးဘူး''ဟု စက်တင်ဘာ၁၂ရက် ဆွေး နွေးမှုတွင်ပါဝင်ခဲ့
သည့် 'ဝ'တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်သို့ ပြောသည်။

လေ့လာသူများကမူ ကိုးကန့်အ ရေးနှင့်ပတ်သက်၍ အစိုးရ၏ သဘော ထားမှာ မပြောင်းလဲသေးသည့်
အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ လက်ထက် ကတည်းက ကိုးကန့်အဖွဲ့၏ ကာလ ရှည်မဟာမိတ်များဖြစ်
သည့် SSA မြောက်ပိုင်း၊ UWSA 'ဝ'တပ်ဖွဲ့၊ မိုင်း လား NDAA တို့မှာ ကိုးကန့်အတွက် အာမခံချက်တစ်ခုခု
ရမှ လက်မှတ်ထိုး ရေးတွင် ပါဝင်လာဖွယ်ရှိနေသည်ဟု ခန့်မှန်းပြောဆိုကြသည်။

''မြန်မာပြည်မြောက်ပိုင်းက အဖွဲ့ တွေထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့'ဝ' UWSA တို့က အခရာပဲ။ သူတို့ သဘောထားမပြောင်းမချင်း မြောက် ပိုင်းကအဖွဲ့တွေက အလွယ်တကူလက် မှတ်ထိုးမှာမဟုတ်ဘူး''ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေးအကဲခတ် တစ်ဦးက ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အနေဖြင့်မူ လတ်တလော လက်မှတ် ထိုးနိုင်ရန် အဆင်သင့်မဖြစ်သေး
ေ ကြာင်း ကေအိုင်အိုဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထုတ်ဖော်ပြောဆိုသည်။

အစိုးရမှ နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု အား အောက်တိုဘာလပထမပတ်တွင် ပြုလုပ်ရန်ရည်ရွယ်ထားပြီး ပဋိပက္ခဖြစ် နေသည့် မြန်မာနိုင်ငံမြောက်ပိုင်းမှအဖွဲ့များမှာ ပါဝင်ရန် မလွယ်
ကူကြောင်း တိုင်းရင်းသားအရေး ဆောင်ရွက်နေ သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ
ဦးစိုင်းညွန့်လွင်က သုံးသပ် ပြောဆိုသည်။

‪#‎YangonTimesJournal‬


Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment