မတ္တရာတွင် လယ်မြေကိစ္စသတင်းဖော်ပြပေးရန် ငွေကျပ် ၁၁ သိန်းကျော် ယူသွားသည်ဟုဆိုကာ DVB သတင်းထောက်အား လိမ်လည်မှုဖြင့် အမှုဖွင့်ခံရ



5.9.2015

မန္တလေးတိုင်း မတ္တရာ မြို့နယ်တွင် လယ်မြေကိစ္စနှင့်ပတ်သက်၍ DVB သတင်း၌ဖော်ပြပေးရန် ငွေကျပ် ၁၁ သိန်းကျော် လိမ်လည်သွားသည်ဟုဆိုကာ DVB သတင်းထောက်အမျိုးသမီးကို လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းအရသိရသည်။

မတ္တရာမြို့နယ် အမှတ် (၂) မြို့သစ်ရပ်နေ ဒေါ်မော်တင်သည် ၂၀၁၄ နိုဝင်ဘာက ၎င်းပိုင်ဆိုင် သည့် လယ်မြေကိစ္စနှင့်ပတ်သက် ၍ မှန်ကန်မှုမရှိဘဲ ဆုံးဖြတ်ချက်ချ ခဲ့သည့် လက်ကောင်းကြီးအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးကို မကျေနပ်၍ DVB သတင်းတွင်ဖော်ပြပေးရန် ပြောကြားရာ သတင်းဖော်ပြ ပေးမည်ဟုပြောဆို ၍ အဆိုပါသတင်းထောက်အမျိုး သမီးက ငွေကျပ် ၁၁ သိန်းကျော် ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ရုံးသို့ လာ ရောက်တိုင်တန်းထားချက်များ အရ စုံစမ်းသိရသည်။

‘‘သူက DVB မှာ အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်ထားတာ မဟုတ်ပါဘူး။ နယ်မှာတော့ သတင်းအပုဒ်စား အနေနဲ့ သတင်း တွေပို့နေတာရှိတယ်။ နယ်တွေ မှာ သတင်းအပုဒ်စားလုပ်တဲ့သူ တွေက လမ်းစရိတ် တောင်းတာ တွေဖြစ်နေတယ်လို့ ကျွန်တော် တို့လည်းကြားတယ်။ အဲဒီလိုကိစ္စ မျိုးတွေကြားတဲ့အတွက် သတိ ထားပြီး သတင်းတွေကိုသုံးပါ တယ်။ သတင်းပါခြင်း၊ မပါခြင်း က သူတို့ဆုံးဖြတ်လို့မရဘူး။ တကယ်သာငွေတောင်းရမ်းတယ် ဆိုတာသေချာတယ်ဆိုရင်တော့ စီမံခန့်ခွဲမှုအဖွဲ့ကနေ အရေးယူ ကောင်းယူနိုင်ပါတယ်။ အမှုဖွင့် ထားခြင်းပဲ ရှိပါသေးတယ်။ တကယ်ဟုတ်၊ မဟုတ်ကတော့ တရားသူကြီးက ဆုံးဖြတ်ရမှာဖြစ် တယ်’’ဟု DVB သတင်းဌာနမှ Planning Editor ကိုသန်းဝင်းထွဋ် ကပြောသည်။

‘‘DVB သတင်းထောက် အနေနဲ့ သွားခြင်းမဟုတ်ပါဘူး။ တောင်သူလယ်သမားကိစ္စနဲ့ ကူညီလုပ်ဆောင် ပေးခြင်းသာဖြစ်ပါတယ်။ အဲဒီအတွက် အသွားအပြန်ခရီးစရိတ်တစ်သိန်းကျော် ကိုပဲယူခဲ့တာဖြစ်တယ်။ ဒီလိုမျိုး လုပ်ဆောင်ပေးတာကလည်း သတင်းမှာဖော်ပြပေးမှာမဟုတ် ပါဘူးလို့ ဒေါ်မော်တင်ကိုပြော ထားပြီးသားပါ’’ဟု စွပ်စွဲခံထားရ သည့် DVB သတင်းထောက် ဒေါ်တင်မာဆွေကပြောသည်။
လက်ရှိတွင်မူ အဆိုပါကိစ္စ နှင့်ပတ်သက်၍ ဒေါ်မော်တင်က ဒေါ်တင်မာဆွေကို မတ္တရာမြို့မ ရဲတပ်ဖွဲ့ စခန်းတွင် ပြစ်မှုပုဒ်မ ၄၂၀ အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။


7Day Daily
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment