ကျားဖြူပါတီ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရမှုအတွက် တရားစွဲဆိုခြင်း လုံးဝမပြုလုပ်တော့


30.9.2015
ကျားဖြူပါတီ ၏ မဲဆွယ် ဆိုင်းဘုတ်တွေဖျက်ဆီးခံရမှုတွေဟာ မနာလိုဖြစ်ပြီး ဖျက်လို ဖျက်ဆီးလုပ်တာဖြစ်တဲ့ အတွက်ရဲတိုင်မှု၊ တရား စွဲဆိုခြင်းလုံးဝမပြှုလုပ်တော့ဘူးလို့ ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဒီနေ့ ပေါ်ပြူလာနယူးစ်ကို ပြောကြားပါတယ်။

ယခုလို ပါတီဆိုင်းဘုတ်ဖျက်ဆီးမှု ပြုလုပ်တာတွေဟာ ရွေးကောက်ပွဲမှာ ကိုယ့်ထက်အားကြီးတဲ့ ပြိုင်ဘက် ပါတီတွေ အပေါ်မှာမနာလိုလို့ ဖျက်လို ဖျက်ဆီးလုပ်တာဖြစ်တဲ့အတွက် အရေးတစ်ယူပြုပြီး တိုင်ကြား တာတွေ အမှုဖွင့်တာတွေ မလုပ်တော့ပဲ ရွေးကောက်ပွဲအောင်နိုင်ေ၇း ကိုသာ အာရုံစိုက်တော့မယ်လို့ ဦးစိုင်းအိုက်ပေါင်းက ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွေ ဟာဆိုရင် သီပေါမြို့နယ်အတွင်းမှာပဲ စက်တင်ဘာ ၂၄ ရက်နေ့ကတစ်ကြိမ်၊စက်တင်ဘာ ၂၆ ရက် ညက တစ်ကြိမ်၊ နောက်ထပ် ၂၆ ရက်နေ့ မှာပဲနမ့်လန်မြို့ နယ်မှာတစ်ကြိမ် ၊ပါတီဆိုင်းဘုတ်အပြင် ကျားဖြူပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းများ၏ ပုံများပါ ဖျက်ဆီးခံခဲ့ရ တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ က ဗဟိုကော်မတီဝင် ဦးဟန်ရွှေကယခုလို ဖျက်ဆီးနေမှုတွေ ဟာ နိုင်ငံရေးပါ တီတွေကြားချုပ်ဆိုလက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှု ကို ဖောက်ဖျက် တာဖြစ်တယ်လို့ ပါတီ ၂၇ နှစ်ပြည့်အခမ်းအနားမှာ ဝေဖန်ပြောဆိုခဲ့ ဖူးပါတယ်။

Popular News Journal
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment