လူကုန်ကူးမှု တိုက်ဖျက်လို့ ဗုံးခွဲတာလို့ ထိုင်းရဲဆို

အကြမ်းဖက်မှုမှာ ပါဝင်သူလို့ (အလယ်) သံသယဖြစ်ခံရတဲ့သူကို ထိုင်းရဲနဲ့ အတူ တွေ့ရစဉ် (Credit: Reuters)
 
16.9.2015

ထိုင်းနိုင်ငံ ရဲအရာရှိ တစ်ယောက်ရဲ့ အဆိုအရ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ လူကုန်ကူးတဲ့ အဖွဲ့တွေရဲ့ လုပ်ရပ်ဖြစ်ပြီး လူကုန်ကူးမှုကို ထိုင်းက တိုက်ဖျက်တာကို မကျေနပ်လို့ ဗုံးဖောက်ခွဲခဲ့တာလို့ ပြောပါတယ်။

ထိုင်းရဲအရာရှိ Somyot Pumpanmuang ရဲ့ အဆိုအရ တရုတ်နိုင်ငံက ဝိဂါမွတ်စလင် ၁၀၉ ယောက်ကို ဇူလိုင်လတုန်းက ထိုင်းက တရုတ်နိုင်ငံရဲ့ လက်ထဲ ပြန်လွဲပေးတာကို မကျေနပ်လို့ လူကုန်ကူးတဲ့ အဖွဲ့က သြဂုတ်လ ၁၇ ရက်နေ့တုန်းက ဗုံးဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ဘန်ကောက်မြို့က လူသွားလူလာများတဲ့ နတ်ကွန်းတစ်ခုမှာ ဗုံးပေါက်ကွဲတဲ့အတွက် လူပေါင်း ၂၀ သေဆုံးခဲ့ပါတယ်။

ဘာကြောင့် ဗုံးဖောက်ခွဲရသလဲ ဆိုတာကို ထိုင်းအစိုးရက တရားဝင် မထုတ်ပြန်ထားပေမယ့် ထိုင်းရဲအရာရှိကတော့ လူကုန်ကူးတဲ့ ဂိုဏ်းက သူတို့ နှိမ်နင်းခံရတာကို မကျေနပ်လို့ လုပ်ဆောင်တာလို့ ပြောဆိုနေတာပါ။

ထိုင်းအစိုးရက ပြန်ပို့လိုက်တယ် ဆိုတဲ့ ဝိဂါ မွတ်စလင် ၁၀၉ ယောက်စလုံးကို တရုတ်နိုင်ငံထဲပဲ ပြန်ပို့တာ မဟုတ်ပဲ တချို့ကို တူရကီနိုင်ငံကို ပို့ဆောင်တာဖြစ်ပြီး နိုင်ငံတကာ ဥပဒေနဲ့အညီ ထိုင်းက လုပ်ဆောင်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းအစိုးရက ဖမ်းစီးထားတဲ့ လူတစ်ယောက်ဟာ ဝိဂါမွတ်စလင်တွေ နေထိုင်တဲ့ တရုတ်နိုင်ငံ ရှင်ကျန်း ပြည်နယ်က ဖြစ်တာကြောင့် ဒီအကြမ်းဖက်မှုကို ဝိဂါမွတ်စလင်တွေ ပြုလုပ်တာလို့ ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရကတော့ ဝိဂါမွတ်စလင်တွေကို ပြန်ပို့တဲ့ သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒကြောင့် ပြည်သူတွေ အခုလို အကြမ်းဖက် ခံရပြီ ဆိုတာမျိုး အပြောခံရမှာ ကြောက်လို့ ဝိဂါတွေရဲ့ လက်ချက်ပါ ဆိုတာမျိုးကို မပြောချင်တာ ဖြစ်မယ်လို့လည်း တချို့က သုံးသပ်နေကြပါတယ်။

ဝိဂါလူမျိုးတွေဟာ တရုတ်နိုင်ငံမှာ နေပေမယ့် တူရကီဘာသာစကားနဲ့ ယဉ်ကျေးမှုတွေ ဆင်တူတဲ့အတွက် တူရကီတွေက စာနာနေတာ ဖြစ်ပါတယ်။

ဒီဗုံးပေါက်ကွဲမှုကို ဖော်ထုတ်နိုင်ဖို့ နိုင်ငံခြားအကူအညီ တောင်းဖို့ တိုက်တွန်းတာတွေ ရှိပေမယ့် ထိုင်းအစိုးရက ပူးပေါင်းတာတွေ၊ အကူအညီတောင်းတာတွေ မလုပ်သေးဘူးလို့ သိရပါတယ်။

#ABC Radio Australia
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment