ရွေးကောက်ပွဲအတွက် သာမန်ပြည်သူ ၄၀၀၀၀ခန့်အား ရွေးကောက်ပွဲအထူးရဲအဖြစ် ခန့်အပ်ထားမည်ဟု ပြောကြား


21.9.2015

နိုဝင်ဘာရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ရန် သာမန်ပြည်သူ ၄၀,၀၀၀ ခန့်အား “ရွေးကောက်ပွဲအထူးရဲ” အဖြစ် ခန့်ထားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ထိုအထူးရဲများ၏
တိကျသော အခန်းကဏ္ဍနှင့်ပတ်သက်၍ စိုးရိမ်မှုများ ပေါ်ပေါက်လျက်ရှိသည်။

“ပြည်သူ ၄၀,၀၀၀ ခန့်ကို ရွေးကောက်ပွဲအထူးရဲအဖြစ် အောက်တိုဘာလ လယ်ကစပြီး တစ်လကြာ
ခန့်ထားမှာပါ” ဟု ရဲအရာရှိတစ်ဦး က ပြောကြား သည်။ ထိုအထူးရဲများမှာ လက်နက်ကိုင်ဆောင်မည်
မဟုတ်ဘဲ ပုံမှန်ရဲများ ထက် လုပ်ပိုင်ခွင့် လျော့နည်းမည်ဟု ထိုအရာရှိ က ပြောကြားသော် လည်း
 ရွေးကောက်ပွဲတွင် လုံခြုံရေးအားဖြည့် ရန်နှင့် ပြဿနာများ ဖြစ်ပေါ် လာပါက ကြိုတင်သတိပေးရန်ဆိုသော
 အချက်များမှလွဲ၍ လုပ်ပိုင် ခွင့်နှင့် တာဝန်များကို တိကျစွာ ပြောကြားခြင်းမရှိပေ။

ရွေးကောက်ပွဲ အထူးရဲများကို အခြေခံရဲတပ်ဖွဲ့ လုပ်ငန်း များနှင့် ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများကို
ရက်သတ္တပတ် ၂ ပတ်ကြာ သင်တန်ပေးမည်ဟုဆိုသည်။ ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်မှု လက်အောက်တွင် နေထိုင်ခဲ့ရသည့် မြန်မာနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု အရှိဆုံး
 ရွေးကောက်ပွဲတစ်ခုဖြစ် ရန် မျှော်လင့်ထားကြသည်။ရွေးကောက်ပွဲကို တရားဝင်စောင့်ကြည့်မည့် အဖွဲ့တစ်ခုဖြစ်သော Carter Center အဖွဲ့က မဲရုံလုံခြုံရေးနှင့် ပတ်သက် သည့် ရွေးကောက်ပွဲ အထူးရဲ
တပ်ဖွဲ့ဝင် အခန်းကဏ္ဍကို စိုးရိမ်မိသည်ဟု ဆိုသည်။

အထွေထွေရွေးကောက်ပွဲတစ်ခုကို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း “ရွေးကောက်ပွဲ အထူးရဲ” အစီအစဉ်နှင့်ပတ်သက်၍ အနည်းငယ်သာ သိရှိထားသည်ဟု ဆိုသည်။ “သူတို့ ဘာကြောင့် ဒီလိုစီစဉ်လဲဆိုတာ ကျွန်တော်တို့မသိပါဘူး။ စေတနာကောင်းနဲ့လုပ်တာဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်ဦးဥာဏ်ဝင်းက AFP သို့ ပြောကြားခဲ့သည်။

KHTun
The Ladies News Journal
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment