အစိုးရဖက်ကစပြီး အပစ်ရပ်ကြောင်းအရင်ကြေညာပေးရန်ငြိမ်းချမ်းရေး ကွန်ရက်များစုပေါင်းတောင်းဆို


7.9.2015

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတွင် အစိုးအနေဖြင့် ဦးစွာတစ်ဖက်သတ် ရပ်စဲကြောင်းကြေညာပေးရန် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွန်ရက်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများက ယနေ့ပြုလုပ်သည့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေအပေါ် အမြင်သဘောထား ဖလှယ်ပွဲမှတစ်ဆင့် တောင်းဆိုလိုက်သည်။
ယနေ့ပွဲတွင် အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ချို့ကိုသာပါဝင်စေပြီး တချို့အဖွဲ့များကို ကန့်သတ်ချန်လှပ် ခွဲခြားမှုများပြုလုပ်ခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်းပြောဆိုခဲ့သည်။ ယင်းလုပ်ရပ်သည် တစ်နိုင်ငံလုံးဟူသော အဓိပ္ပါယ်မဆောင်တော့  သောကြောင့် ကန့်ကွက်ကြောင်း ယင်းအင်အားစုများက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ပဲ၊အသစ်မရေးဆွဲပဲ၊ကာချုပ်မူ ၆ ချက်ကိုမပြောင်းလဲပဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးစေသည်ဆိုပါက ထိုသို့လက်မှတ် ရေးထိုး စေခြင်းမှာ အုပ်ချုပ်သူအစိုးရအတွက်သာ အကျိုးရှိစေ၍ ပြည်သူအတွက်အကျိုးမရှိနိုင်ပဲ ငြိမ်းချမ်းရေး တည်ဆောက်မှုကို အဟန့်အတားဖြစ်စေကြောင်း လည်းပြောပြသည်။

အပစ်ရပ်စဲရေးအပါအဝင်ပြည်တွင်းငြိမ်းချမ်းရေးပြဿနာအဖြေရှာရေးသည် နိုင်ငံရေးအရ အကြေအလည် ဖြေရှင်းရေးသည်သာ အဓိကဖြစ်ကြောင်းလည်း ယင်းအင်အားစုများ မှပြောသည်။ယနေ့သဘောထားအမြင် ဖလှယ်ပွဲမှ အပစ်ရပ်ရေးအစိုးရမှ တစ်ဖက်သတ်ဦးစွာ ကြေညာပေးရန်အပြင် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်သားဒေသများတွင် စစ်တပ်အင်အားများထပ်မံချထားခြင်း တိုးချဲ့ နေရာယူခြင်း ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းပေးရန်လည်းတောင်းဆိုခဲ့သည်။

စစ်မှန်သောငြိမ်းချမ်းရေး တည်ဆောက်ရာတွင်ထိခိုက်စေသော အမိန့်ကြေညာချက် များ၊ငြိမ်းစုစီဥပဒေနှင့် မတရားအသင်း အက်ဥပဒေများကို ပယ်ဖျက်ပေးရန်အတွက်တောင်းဆိုခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်ချက်မရှိ ချက်ချင်းလွှတ်ပေးရန် အပါအဝင် စုစုပေါင်းငါးချက်အားတောင်းဆိုခဲ့သည်။

The Ladies News Journal
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment