တရားမ၀င်အနှိပ်ခန်းဖွင့်လှစ်ထားခြင်းကြောင့် ရပ်ကွက်နေပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေ



1.9.2015


တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ကျောက်တလုံးလမ်းရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ တရားမ၀င် အနှိပ်ခန်း ဖွင့်လှစ်ထားခြင်းကြောင့် အနီးပတ်ဝန်းကျင်၌ နေထိုင်ကြသူများ စိတ်အနှောင့်အယှက်ဖြစ်နေရ ကြောင်း သတင်းရရှိသည်။

“ရထားသံလမ်းနားမှာ ဖွင့်ထားတာကတော့ တော်တော်ကြာနေပြီ။ ညဘက်ဆိုရင် အခြေအနေတော်တော် ဆိုးတယ်။ မူးယစ်ရမ်းကားပြီး ဆူညံနေတာပဲ။ အိမ်မှာက သမီးပျိုလေးတွေရှိတော့ ပိုဆိုးတာပေါ့။ အနှိပ်ခန်း ကိုလာတဲ့ လူတွေကလည်း သိတဲ့အတိုင်းပဲလေ။ 

ပြဿနာဖြစ်မှာလည်းကြောက်၊ သမီးတွေအတွက်လည်း စိုးရိမ်ရ၊ ဘယ်သူ့ကို အကူအညီတောင်းရမှန်း လည်းမသိဘူး။ အဲဒီအနှိပ်ခန်းပိုင်ရှင်ကလည်း အဖွဲ့အစည်းက တရုတ်တဲ့။ သူ့ဟိုတယ်က မြို့မရပ်ကွက် ထဲမှာရှိတယ်။ အနှိပ်ခန်းကြီးကို လူနေရပ်ကွက်ထဲမှာတော့ လာမဖွင့် စေချင်ဘူး”ဟု ကျောက်တလုံးလမ်း နေလမ်း ဒေါ်နွေးနွေး(အမည်လွဲ)က အနှိပ်ခန်းဖွင့်လှစ်ထားရှိမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည့် အခြေအနေများအား ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားသည်။

လူနေရပ်ကွက်အတွင်း တရားမ၀င်ဖွင့်လှစ်ထားသည့် အဆိုပါအနှိပ်ခန်းအား ပတ်ဝန်းကျင်ရှိ ပြည်သူ များ၏ တိုင်ကြားချက်အရ တာဝန်ရှိသူများက ပိတ်သိမ်းမှု ပြုလုပ်ခဲ့ဖူးသော်လည်း ရက်ပိုင်းအတွင်းမှာပင် ပြန် လည်ဖွင့်လှစ် လုပ်ကိုင်လျက်ရှြိေဲကာင်း သိရှိရသည်။

အနှိပ်ခန်းသို့ ကိုယ်တိုင်သွားရောက်ခဲ့ဖူးသူ ကိုလင်း(အမည်လွဲ)ကလည်း “အဲဒီအနှိပ်ခန်းမှာ ကောင်မ လေး ဆယ်ရောက်ကျော်ကျော်လောက်ရှိတယ်။ တစ်နာရီအနှိပ်ခံရရင် အောက်ထပ်မှာ ကျပ်သုံးထောင့်ငါးရာ၊ အပေါ်ထပ်မှာ ကျပ်လေးထောင်လောက်ရှိတယ်။ ဈေးကတော့ ပုံမှန်မရှိဘူးထင်တယ်။ အခန်းက ဆယ်ခန်း ကျော်လောက်ရှိတယ်။ အတိအကျတော့မသိဘူး။ ကျွန်တော်သွားနေကျအခန်းကိုပဲသိတာလေ”ဟု ကမ္ဘော ဇတိုင်းသတင်း ဂျာနယ်သို့ ပြောကြားခဲ့သည်။

တောင်ကြီးမြို့ပေါ်၌ တရားမ၀င်အနှိပ်ခန်းပေါင်း သုံးခုခန့်ရျိပြီး အေးသာယာမြို့သစ်တွင်မူ တရားမ၀င် အနှပ်ခန်းများအပြင် ပြည့်တန်ဆာအခန်းများပင်ရှိနေကြောင်း သတင်းရရှိသည်။ 

နန်းမိုခမ်း
Kanbawza Tai News Journal

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment