ကုလသမဂ္ဂ အထွေထွေ ညီလာခံလာတက်ကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေအကြားမှာ အပူ တပြင်းဆွေးနွေးစရာ အကြောင်းအရာတွေထဲမှာ ဆီးရီးယားအရေးဟာ ထိပ်ဆုံးက ပါဝင်နေဆဲဖြစ်ပါတယ်။
မနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerryတို့ နယူးယောက်မှာ တွေ့ကြတဲ့အခါ ဆီးရီးယားအရေးကို နိုင်ငံရေးအရ အဖြေရှာလို့ရအောင် သံတမန်နည်း အရ တွန်းအားပေးရေးကို ဆွေးနွေးကြပါတယ်။
မစ္စတာ Kerry က ကျနော်တို့အနေနဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ နည်းဗျူဟာ ကရိယာတွေကို အမြန်ဆုံးဖော် ထုတ်ရေးမှာ လူမှုကွန်ယက်တွေကို ထိထိရောက်ရောက်အသုံးချနေလို့ပါပဲ။ ဒီနည်းနဲ့ ထောင်သောင်းချီတဲ့ လူတွေကို အစွန်းရောက်အတွေးအခေါ်တွေ စိမ့်ဝင်အောင် ဖန်တီးနေကြပါတယ်။ ဒါကို ကာကွယ်နိုင်အောင် ကျနော်တို့ ပူးပေါင်း တည်ဆောက်ယူရမှာပါလို့ ပြောသွားပါတယ်။
ရုရှားဘက်ကလည်း ကနေ့ တနင်းလာနေ့မှာ သမ္မတပူတင်နဲ့ သမ္မတ အိုဘားမားတို့ တွေ့ကြတဲ့အခါမှာ အပြုသဘောဆောင်တဲ့ ရလဒ်အဖြစ်ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း မစ္စတာ Lavrov က ပြောပါတယ်။
ကျနော့်အမြင်ပြောရရင် သူတို့၂ ဦးစလုံးရဲ့ ရပ်တည်မှုက နီးစပ်မှု ရှိပါတယ်။ အမေရိကန်ဘက်က အကြမ်းဖက်တဲ့ အိုင်အက်စ်အဖွဲ့တိုက်ဖျက်ရေးကိုသာ တခုတည်းသော ဦးတည်ချက်လို့ ဂျွန်ကယ်ရီက အတည်ပြုပြောသလို ကျနော်တို့ဘက်ကလည်း အလားတူပါပဲ။ ဘုံဦးတည်ချက် တူညီပေမယ့် လက်တွေ့ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကိုသာ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းရယ် ၊ လျှော်ကန်တဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုအပေါ်မှာ အခြေခံရမှာပါ လို့ ပြောသွားကြောင်း နယူးယောက်ကနေ ဘီဘီစီသတင်းထောက် ဘာဘရာ ပလက် အာရှာက သတင်းပေးပို့ခဲ့ပါတယ်။
BBC Burmese
0 comments:
Post a Comment