ကျားဖြူပါတီဆိုင်းဘုတ်များ သုံးရက်အတွင်း သုံးကြိမ်ဖျက်ဆီးခံရ

                ဖျက်ဆီးခံရသော ကျားဖြူပါတီဆိုင်းဘုတ်တစ်ခု (ဓာတ်ပုံ - Oo Yetun Facebook)

 ရှမ်းပြည်နယ် သီပေါ မြို့နယ် နမ့်လန်မြို့ရှိ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)ဆိုင်းဘုတ် များသုံးရက် အတွင်း သုံးကြိမ်ဖျက်ဆီးခံခဲ့ရ ကြောင်း သတင်းရရှိသည်။


နမ့်လန်မြို့လယ်ပန်းခြံအနီး ရှိ ကျားဖြူပါတီဆိုင်းဘုတ်သည် စက်တင်ဘာ ၂၄ ရက်ညက ဖျက် ဆီးခံရသဖြင့်  စက်တင်ဘာ ၂၅ ရက်၌ ပြန်ထောင်ခဲ့သော်လည်း စက်တင်ဘာ ၂၆ ရက်ညတွင်   ထပ်မံဖျက်ဆီးခံ ခဲ့ရကြောင်း သီပေါမြို့နယ် ကျားဖြူပါတီမှ သတင်းရရှိသည်။

၂၆ ရက်ညတွင် နမ့်လန်မြို့ မက်မွန်ဟိမ်ရွာမှ ဆိုင်းဘုတ်များ  ပါ ဖျက်ဆီးခံခဲ့ရပြီး ပါတီဆိုင်း ဘုတ်ဖျက်ဆီးခံ ရမှုများကို ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ ပါတီဆိုင်းဘုတ်အပြင် ကျားဖြူပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းများ၏ ပုံများပါ ၀င်သောဆိုင်းဘုတ်ပါ ဖျက်ဆီးခံရခြင်းဖြစ်သည်။

‘‘ဒီမိုကရေစီစနစ်မှာ အရေး ကြီးတဲ့ အချက်တစ်ချက်ကမတူ ကွဲပြားခြားနားမှုတွေကို သည်းခံ တာပါ။ တရားမျှတစွာ ယှဉ်ပြိုင် တာပါ။ ကိုယ်နဲ့ အမြင်မတူတာ တွေကို သည်းမခံနိုင်တာ အာဏာ ရှင်စနစ်ရဲ့ အခြေခံစိတ်ဓာတ်ပဲ’’ ဟု သီပေါမြို့နယ် ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးရဲ ထွန်းက ပြောသည်။

အဆိုပါကိစ္စကို သီပေါမြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ပါတိုင်ကြားမည် ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။

မဲဆွယ်စည်းရုံးရေးကာလ တစ်လမပြည့်သေးမီပင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် ဒီချုပ်၊ ပြည် ခိုင်ဖြိုးနှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတို့၏ ပါတီဆိုင်း ဘုတ်များနှင့် ကိုယ်စားလှယ် လောင်းဓာတ်ပုံများလည်း ဖျက် ဆီးခံခဲ့ရသည်။

ထို့ပြင် ရှမ်းပြည်နယ်တောင် ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်/ကျေး ဆိုင်းဘုတ်များဖျက်ဆီးခဲ့သူ လေး ဦးနှင့် ခိုင်းစေညွှန်ကြားခဲ့သူကို နှစ်လကျော်ကြာသည်အထိ ဖမ်းဆီး ရမိသေးခြင်းမရှိကြောင်း နမ့်စန် မြို့နယ်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ သိရသည်။

ရွေးကောက်ပွဲဆိုင်ရာပြစ်မှု များကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထား သည်။ ကျားဖြူပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် နှစ် ရာကျော်၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီ ဖြစ်သည်။

7Day Daily
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment