စက်တင်ဘာလ ၂၈ ရက် ၂၀၁၅ ခုနှစ်
မိုင်းပွန် ရွာသူရွာသားတို့ကို ဗမာစစ်တပ်မှ လက်နက်ဖြင့် ပစ်ခတ်၊ ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်ခါ စစ်ရာဇဝတ်မှုများ ကျူးလွန်နေ
စက်တင်ဘာလ ၁၂ ရက်နေ့၂၀၁၅ ခုနှစ်တွင်ဗမာအစိုးရစစ်တပ်သားအယောက် (၁၀၀)တို့မှာရှမ်းပြည်နယ် တောင်ပိုင်းမိုင်းပွန်မြို့နယ်နောင်ပါတက်ကျေးရွာသို့ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ဗမာစစ်သားတို့ရွာထဲသို့အ
ရမ်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသား ( ၄ ) ယောက်၊ ရွာသူ ( ၂ ) ယောက်တို့မှာထိခိုက်ဒဏ်ရာရပြီး
ထို ( ၄ ) ဦး ထဲမှ တစ်ဦးမှာ ဒဏ်ရာကြောင့် သေဆုံးခဲ့သည်။ ဗမာစစ်သားတို့ရွာထဲသို့ဝင်လာပြီး ထိုအထဲတွင်ဒဏ်ရာ ရသူရွာသားတစ်ဦးကိုရိုက်နှိက်ကန်ကျောက်ခံခဲ့ရသူမှာနောက်ပိုင်းတွင်ခြေထောက်
ကိုဖြတ်တောက်ပစ်ရသည်။ရွာသူအမေအိုတစ်ယောက်အားတမင်တကာမသေသေအောင်ပစ်သတ်ခဲ့သည်။ဗမာ စစ်သား တို့သည် ရွာသူ ရွာသားတို့ထံတွင်ပစ္စည်းဥစ္စာနှင့်ငွေတွေကိုလုယက်ပြီး ရွာသားတို့ကို ပေါ်တာ ဆွဲကာ သူတို့၏ ပစ္စည်းတွေကိုထမ်းခိုင်းခဲ့သည်။
အပစ်ခတ်ရပ်စဲရေးရှိနေသော်လည်းစက်တင်ဘာလအစောပိုင်းကာလကတည်းကဗမာစစ်တပ်တို့က
ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ ( RCSS/SSA )ကို မိုင်းပွန်တောင်ပိုင်းနယ်မြေမှ ဖယ်ရှားရန်
ရည်ရွယ် ထား လေသည်။
တစ်ကယ့်လက်တွေ့တွင်ဗမာစစ်သားတို့သည်ထိုးစစ်ကိုဖြန့်ကျက်ထားခြင်း နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး
သဘော တူဆွေးနွေးမှုလုပ်နေချိန်တွင် ဗမာစစ်သားတို့က ပြည်သူလူထုတို့ကိုလူ့အခွင့်ရေး ချိုးဖောက်မှုနှင်
့ရိုင်းပြစော် ကားနေခြင်းတို့ ဗမာစစ်အစိုးရသည် မရိုးသားကြောင်း သက်သေဖြစ်သည်။
ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် (SHRF)မှထိုကဲ့သို့သောအရပ်သူအရပ်သားတို့အပေါ် တိုက်ပွဲကာလ အတွင်း
ကျူး လွန်သည့်လူ့အခွင့်ချိုးဖောက်များကိုပြစ်တင်ရှုတ်ချပြီးရာဇဝတ်မှုကျူးလွန်သူတို့ကိုတာဝန်ယူဆောင်ရွက်
ရန် တောင်းဆိုလိုက်ပါသည်။
ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် (SHRF) မှ ဗမာစစ်အစိုးရ အား တိုက်တွန်းတောင်းဆိုချက်
၁။ ရွာထဲသို့ရွာသူရွာသားတို့အားလက်နက်ကြီးငယ်ဖြင့်ပစ်ခိုက်သတ်ဖြတ်ရိုက်နှိက်ရန်အမိန့်ပေးသူ ဗမာစစ်သား တာဝန်ရှိသူကို သေချာစုံစမ်းစေပြီးအပြစ်ပေးရန်။
၂။ ဗမာစစ်တပ်တို့၏ ထိုးစစ်ကိုချက်ချင်းရပ်ဆိုင်း၍ ဗမာ စစ်တပ်များ ဆုတ်ခွါေးရန်၊ အပစ်အခတ်ရပ်စဲရေး အတွက်ယုံကြည်မှုတည်ဆောက်ရန်၊
လူ့အခွင့်အရေးချိုးဖေါက်နှိပ်စက်မှုများထပ်မဖြစ်ရန်၊ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် (SHRF) မှနိုင်ငံတကာ အဖွဲ့ များအားတိုက်တွန်းတောင်းဆိုချက်
၁။ ဗမာစစ်တပ်၏ ကျူးလွန်သည့်စစ်ရာဇဝတ်မှုကိုအားလူသိရှင်ကြားပြစ်တင်ရှုတ်ချပေးရန်။အပစ်ကျူးလွန်
သည့် တာဝန်ရှိ သူအား ဖေါ်ထုတ်အရေးယူပေးရန်။
၂။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ဗမာစစ်အစိုးရကိုပေးသော အကူအညီတို့ကို ဗမာအစိုးရက ပြည်သူ
လူုထုတို့အား လူ့အခွင့်ရေးချိုးဖောက်မှု၊ညှင်းပန်းနှိက်စက်ခြင်းထိုး စစ်ဆင်ခြင်း၊ တို့ကိုရပ်တန့်ပြီးစစ်တပ်များ ဆုတ်ခွါ ပြီးသည့်တိုင် ရပ်ဆိုင်းထားရန်။
စက်တင်ဘာလ ၁၂ ရက်နေ့ ၂၀၁၅ ခုနှစ် တွင် ဗမာစစ်တပ်သားများ နောင်ပါတတ် ရွာတွင် လူ့အခွင့်အရေးချိုးဖောက်မှုအသေးစိတ်အချက်အလက်
စက်တင်ဘာလ ၁၂ ရက်နေ့ ၂၀၁၅ ခုနှစ်တွင် ဗမာစစ်တပ် တပ်ရင်း ၃ ခု ဖြစ်ကြသော လွိုင်လင်အခြေစိုက် ခလရ ၁၂ ၊ကလောအခြေစိုက်ခလရ ၄၂၂နှင့် မိုင်းပွန် အခြေစိုက် ခလရ ၅၁၇တို့မှ တပ်သား (၁၀၀) တို့မှာ လွိုင်လင်ခရိုင်မိုင်းပွန်တောင်ဘက်၁၈မိုင်အကွာနောင်ပါတတ်ရွာ၏အပြင်ဘက်သို့ ရောက်ရှိလာသည်။ ဗမာ စစ်သား တို့သည် နောင်ပါတတ် ရွာအိမ်ခြေပေါင်း ၂၀၀ တောင်ဘက် တောင်ကုန်းပေါ်တွင် နေရာ
ယူထားကြသည်။
နံနက် ၁၀ နာရီမိနစ်၂၀အချိန်တွင်နောင်ပါတတ်ရွာသားတစ်ဦးသည်သူ၏ယာထဲသို့ဆင်းလာရာဗမာစစ်သားနှင့် တွေ့ဆုံမေးမြန်းခံရသည်။ ၎င်းအား “ နင်တို့ရွာထဲမှာ ရှမ်းစစ်သားတွေရှိလား” မေးသည်။ထိုရွာသားမှာ မရှိ ကြောင်းပြန်လည်ဖြေကြားပြီး ဆက်လျှက်ပြီး ယာထဲသို့ခရီးဆက်ခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ၅ မိနစ် နောက်ပိုင်းတွင်မူ ဗမာစစ်သားတို့ ရွာထဲသို့ ၆၀ မမ ( 60 mm) လက်နက်ကြီးဖြင့် ပစ်ခတ်သည်ကို ၎င်းရွာ သားကြားလိုက်သည်။ကျည်ခုနှစ် လုံးသည်ရွာထဲသို့ တစ်နေရာစီကျခဲ့ပြီး ၆ ဦးဒဏ်ရာရခဲ့သည်။
ကျည် ၂ လုံးသည် ဘုန်းကြီးကျောင်း နံဘေးရှိ အိမ်တွင်ကျခဲ့ပြီးအလှူဒါန်းပွဲလုပ်ရန်အပြင်ဘက်တွင်
ချက်ပြုတ် နေသူ ၄ ဦးအားထိမှန်ပြီးဒဏ်ရာရခဲ့သည်။ ထိုဒဏ်ရာရသူတို့မှာ
၁။ စိုင်းတောင် အသက် ၃၇ နှစ် မှာညာခြေထောက်နှင့် လက်မောင်း ကိုထိခိုက်ဒဏ်ရာရ
၂။ စိုင်းဆန်ရွှေ အသက် ၃၅ နှစ် ဝမ်းဗိုက်တွင်ဒဏ်ရာရ
၃။ စိုင်းဖေ အသက် ၃၇ နှစ် ခြေထောက်နှင့် ဝမ်းဗိုက်တွင် ဒဏ်ရာရ
၎။ စိုင်မေး ညာဘက်လက်တွင် ဒဏ်ရာရ
စိုင်းတောင်မှာဒဏ်ရာအပြင်းအထန်ရပြီးမလှုပ်လျားနိုင်တော့ပေ။ကျန်၃ယောက်မှာကြောက်လန့် ခါပြေး
ထွက်ခဲ့ သ်ာလည်းစိုင်းတောင်မှာရွာအပြင်ဘက်တောထဲတွင်ပုန်းခိုနေရသည်။ကျည်(၂)လုံးသည်
အသက်၂၈နှစ်ရှိနန်းကော် ၏အိမ်အနီးတွင်ကျခဲ့ပြီးသူမတွင်ကိုယ်ဝန်၉ လလွယ်ထား သူဖြစ်သည် ။
လက်နက်ဖြင့်ပြစ်ခတ်မှုကြောင့် သူမသည်အိမ်ထဲသို့ဝင်ပြေးစဉ်သူမ၏ ခြေထောက်ကိုကျည်စ မှန်၍
မေ့ မျှောသွားခဲ့သည်။နောက်ကျည် ၁ လုံးသည် အသက် ၂၅ နှစ်ရှိ နန်းခမ်းမိုး အိမ်အပြင်တွင် ရှိနေစဉ် အိမ်အနီးတွင်ကျခဲ့ပြီး သူမ၏ညာဘက်လက်ကိုထိခဲ့သည်။ကံကောင်းထောက်မစွာနောက်ကျည်၂လုံးသည်
ဘုန်းကြီးကျောင်းပရဝုဏ်တွင်ကျရောက်သော်လည်းမည်သူ တစ်ဦးတစ်ယောက်မှထိခိုက်မှုမရရှိခဲ့ပေ
သို့သော်ဘုန်းကြီးကျောင်းမှာပျက်စီးခဲ့ရသည်။
လက်နက်ကြီးပစ်ခတ်သံများကြောင့်ရွာသူ၊ရွာသားအများစုမှာတောတောင်တစ်ဝိုက်တွင်ပြေးခိုပုံးအောင်းကြ သည်။ အနည်းစုတို့မှာ မိမိတို့အိမ်နှင့် ဘုန်းကြီးကျောင်းတွင်ပုံးခိုနေကြသည်။ပစ်ခတ်မှုနောက်တွင်ဗမာစစ်သားတို့မှာရွာထဲအိမ်ထဲသို့ဝင်ရောက်လာပြီးရှမ်းစစ်သားများကိုဝင်ရောက်ရှာဖွေကြ သည်။ဒဏ်ရာရပြီးမြေ
တွင်လဲလျောင်းနေသူစိုင်းတောင်ကိုဗမာစစ်သား(၈)ယောက်အဖွဲ့တို့ကိုမြင်တွေ့ပြီးရိုက်နှက်၊ ကန်ကျောက်သည် ။သူ့အားအတင်းအဓမ္မစစ်ဘောင်းဘီဝတ်စေပြီးဓါတ်ပုံရိုက်သည် ပြီးမှသူ့အားလွှတ် ပေးခဲ့သည်။
ဗမာစစ်သားတို့သည် ဒဏ်ရာရသူအားဆေးဝါးများကုသကူညီပေးချင်းမရှိပေ။တစ်ဖွဲ့တည်းသော ဗမာစစ်သားတို့သည် ဘုန်းကြီးကျောင်းအနီးသို့ ချဉ်းကပ်လမ်းလျှေက်လာကြသည်။ထိုစဉ် ဘုန်းကြီးကျောင်းမှမီတာ၅၀အကွာတွင်အသက်၅၆နှစ်ရှိအဖွါးအိုပါ့ကြာဘုန်းကြီးကျောင်းပရဝုဏ်အင်းသို့ ဝင်လာသည်ကို
ဗမာစစ်သားတို့တွေ့လိုက်သည်။သူမ၏အိမ်သည်ဘုန်းကြီးကျောင်းဘေးတစ်ဘက်တွင်ရှိပြီးသူ မ၏တူလေးဘုန်းကြီးကျောင်းတွင်ဝင်ပုန်းခိုသည်ကိုသွားကြည့်ရန်ဘုန်းကြီးကျောင်းထဲသို့ဝင်လာခြင်းဖြစ်သည်။
ဗမာစစ်သားသည် ပါ့ကြာ ကို ရိုင်ဖယ်ဖြင့်ချိန်ရွယ်ပစ်ခတ်ရာ သူမ၏ ရင်ဘတ်ကိုကျည်ဆန်မှန်ပြီး ထိုနေရာချက် ချင်းပွဲချင်းပြီးသေဆုံးသွားသည်ကို ထိုနေရာအနီးခိုအောင်းနေသူတစ်ဦးကတွေ့ရှိခဲ့သည်။ပါ့ကြာကို
သတ်ပြီးနောက်သူမ၏အလောင်းနားသို့သွားင်္ပြီးသေဆုံးသူအားစစ်ဆေးပြီးမြေပေါ်သို့သေဆုံးလဲ လျောင်းနေသူပါ့ကြာကို ပလပ်စတစ် ဖြင့်ဖုံးအုပ်၍ ထွက်သွားခဲ့သည်။ဗမာစစ်သားမှ ပါ့ကြာ အား တမင်တကာပစ်သတ်မှုကြောင့် သေဆုံးသူ ပါ့ကြာ ပုံအဲ့ဒီနောက်ပိုင်းတွင်ဗမာစစ်သားတို့သည်ဘုန်းကြီးကျောင်းအတွင်းသို့အခန်းတိုင်းဝင်ရောက်ခါဘီဒိုနဲ့ အိတ်များ ကိုရှာဖွေမွေနှောက်ပြီး သေနတ်တို့ဖြင့် ထင်ရာပစ်ခတ်ကြသည်။
ထွက်ပြေးတိမ်းရှောင်နေသော လက်ထောက်ကျောင်းထိုင်သည် ကျောင်းသို့ပြန်လာစဉ်ပါ့ကြာ အလောင်း ကို တွေ့၍ ဗမာစစ်သားများဆီသို့သွားခါ “ ဘာကြောင့်သူမ အားသေနတ်ဖြင့်ပစ်သလဲသူမဘာ မှအမှား
မလုပ် ဘူး၊ အပြစ်မဲ့ရွာသူရွာသားကိုမပစ်သင့်ဘူး။” လို့ပြောကြားသည်။
သို့ဖြစ်ရာ ဗမာစစ်သားတို့သည် ထိုသတ်ဖြတ်မှုကိုမတောင်းပန်ပေ။။ ဗမာစစ်သားထဲမှတစ်ယောက်က
ဦးဇင်း အား“ အသက်ဘယ်လောက်ရှိပြီလဲ? ဘယ်မှာကျောင်းတက်ခဲ့လဲ? ”လို့ မေးမြန်းသည်။
အဲ့သည်အချိန်တွင် ကျန်ဗမာစစ်သားတို့သည် အိမ်များ ဆိုင်များအတွင်းမှ ပစ္စည်းဥစ္စာများကို လုယက်ယူကြ သည်။ ရွာသူရွာသားများ ပြန်ရောက်လာချိန်တွင် သူတို့၏အိမ်တွင်းပစ္စည်းဥစ္စာ ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာ တို့နှင့် အစားအစာ တို့ပြင် ကြက်တို့ပါ ၁၀ အိမ်ထက်မနည်း ပျောက်ဆုံးအခိုးခံရကြောင်းသိရှိ
ရသည်။ ရွာသား တစ်ယောက်မှာသူ၏ မြင်းမှာ သေနတ်ဖြင့်ပစ်ခတ်သေဆုံးနေသည်ကိုတွေ့ရသည်။
ရွာသူ၊ရွာသား အများစုမှာ ထိုသို့ပျောက်ဆုံးမှုအပေါ်တွင်မကျေမနပ် သော်လည်းကြောက်ရွှံ့ နေကြရ သည်။ ထိုအ ထဲ မှပါခင် ဆိုသောဗမာစကားပြောတတ်သူက သူမ၏ ငွေ ၁၅ သိန်းပျောက်ဆုံးခိုး ခံရ၍ ပြန်ရှာပေး ရန် စစ်အရာရှိကိုတိုင်သည်။ ထိုအရာရှိသည် ပြန်ရှာ၍ ပေးသည်။ သို့သော် သူမအား`ဤခိုးယူမှု ကိုဘယ်မှာ မှ မတိုင်ရန် ပြောသည်။
နေ့လည် ၁ နာရီအချိန်ခန့်တွင် ဗမာစစ်သားတို့အများစုသည်ဘုန်းကြီးကျောင်းတွင်အတူရှိနေကြသည်။ထိုအချိန် တွင် ရွာသူ၊ရွာသားတို့မှာထဲမှ ကျား ၄ ယောက် မ ၅ ယောက်တို့မှာ သူတို့၏ယာ ထဲမှမိမိရွာသို့ပြန်
လာကြသည်။ သူတို့ဘုန်းကြီးကျောင်းအနီးသို့နားအရောက်တွင် စစ်သားတို့မှ ယောက်ျားတို့ကို
ဘုန်းကြီးကျောင်းထဲသို့ လာ ရန်အမိန့်ပေးသည်။ ၎င်းရွာသားတို့ကို ဗမာစစ်သားတို့က ပေါ်တာ
အဖြစ်လိုက်ရန် အဓမ္မခေါ်ဆောင် သည်။၎င်း ပေါ်တာ အဖြစ်လိုက်ပါသူ အမည်တို့မှာ
၁။ စိုင်းငွေ အသက် ၁၇ နှစ်
၂။ စိုင်းဆိုင် အသက် ၁၇ နှစ်
၃။ စိုင်းကျော် အသက် ၂၈ နှစ်
၎။ လုံးဖေ အသက် ၅၀ တို့ဖြစ်သည်။
နေ့လည် ၂ နာရီလောက်အချိန်တွင် ဗမာစစ်သားအားလုံးတို့သည် ရွာထဲမှ အရှေ့ ဘက်သို့ထိုပေါ်တာ ၄ယော က်နှင့်ထွက်ခဲ့ သည်။တစ်နာရီခန့်အကြာတွင် အရာရှိတစ်ဦးထံမှ လုံးဖေကို နောင်ပါတက် ရွာ
သို့ပြန်ပြီး ရွာဥက္ကဌ ကို သူတို့ရောက်ရှိရာ လုံခင်ရွာကိုလာ ရန်နှင့် အကယ်၍ ရွာဥက္ကဌ လာမည်ဆိုပါက ပါ့ကြာ ကိုသတ်မှု ကိစ္စနှင့်ပတ်သက်ပြီး ၃ သိန်းကျပ် လျော်ကြေးအဖြစ်ပေးရန်ပြောသည်။
ထိုနောက် လုံးဖေတစ်ယောက် နောင်ပါတက် ရွာသို့ရောက်ရှိလာပြီး ရွာဥက္ကဌ အားပြောကြားသည်။
သို့သော် ရွာဥက္ကဌ မှာ ဗမာစစ်သားနှင့်တွေ့ရန် ကြောက်သဖြင့် မသွားပေ။
၎ နာရီအချိန်ခန့်တွင် ဗမာစစ်သားတို့ လုံခင် ရွာသို့ရောက်ရှိခဲ့ပြီး၊ ထိုညတွင်ဗမာစစ်သားတို့ လူခွဲ၍ ထို
လုံခင်ရွာတွင်းရှိ အိမ်တွင်အိပ်ခဲ့သည်။ နောက်နေ့နံနက်တွင် ရွာသား ၃ ယောက်တို့မှာ မိမိတို့ နောင်ပါတက် ရွာကိုပြန်ခွင့်ပေးလိုက်သည်။ ပြန်ခါနီးအချိန်တွင် အရာရှိ သည်စာအိတ်ထဲငွေသား ၁ သိန်းကျပ်ကို ပါ့ကြာ၏ မိသားစုကိုပေးရန်ထိုရွာသား ၃ ဦးထဲသို့ထည့်လိုက်သည်။
ဗမာစစ်သားတွေ ပြန်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၂ ရက်တွင် ရွာသူ၊ရွာသားတို့မှာ တိုက်ခိုက်မှုမှ ဒဏ်ရာ ရသူတို့ကိုကြည့်ရှု ကူညီရန်နှင့် ပါ့ကြာ အသုဘချကြသည်။ ကံမကောင်းစွာထိုရွာထဲတွင်မည့်သည့် မော်
တော်ယာဉ်တစ်စီးမှမရှိသဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့ထိစောင့်ပြီး အခြားသောရွာတွင်ကားကိုဌားပြီး ဒဏ် ရာရသူကို ရွာမှ မိုင်းပွန်ဆေးရုံသို့ပို့ကြသည်။
မိုင်းပွန်ဆေးရုံမှ စိုင်းတောင် ၏ဒဏ်ရာကိုမချုပ်ပေးနိုင်သဖြင့် တောင်ကြီးဆေရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ သည်။ စိုင်းတောင်၏ ညာဘက်ခြေဒူးခေါင်းနားတွင်ဖြတ်တောက်ပြစ်လိုက်ရသည်။ထိုနောက်ပိုင်း စက်တင်ဘာ လ ၁၉ ရက်နေ့တွင် စိုင်းတောင်၏ညာဘက်လက် ဒဏ်ရာ ပြင်းထန်လာသောကြောင့် မန္တလေးဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ရသည်။မည်သည့် စစ်အရာရှိမှ လူနားအား လာရောက်စုံစမ်းဆေးကုသမှုကို ပေးခဲ့ခြင်းမရှိပေ။
စိုင်ဆိုင်ရွှေသည်လည်းစိုင်းတောင်နှင့်အတူတစ်ချိန်တည်းကျည်စထိမှန်ဒဏ်ရာရခဲ့သည်။စိုင်းဆိုင်ရွှေသည်
မိုင်းပွန် ဆေးရုံတွင်ဆေးကုသမှုခံသည်။ ဆရာဝန်က ဤလိုဒဏ်ရာမျိုးကို ကုသနိုင်မည်ဟု ထင်ခဲ့သည်။ သူ၏ ဒဏ်ရာမှာဝမ်းဗိုက်တွင် ဖြစ်၍ အနာရင်းပြီး စက်တင်ဘာလ ၁၉ ရက်နေ့ ၂၀၁၅ ခုနှစ်တွင် သေဆုံးခဲ့ သည်။ ဘယ်စစ်တပ်အရာရှိမှလာရောက်ကူညီဖေးမခြင်းမရှိ ပေ။စိုင်းဆိုင်ေ ရွှသည်အိမ်ထောင်သည် ဖြစ်ပြီး ကလေး ၃ ယောက်ရှိသူဖြစ်သည်။
ပစ်ခတ်ပေါက်ကွဲမှုအတွင်း ဒဏ်ရာပြင်းထန်ဆိုးရွှားစွာရရှိ၍ စိုင်းဆိုင်ရွှေ သေဆုံးပုံ
အသေးစိတ်သိလိုပါက
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (အင်္ဂလိပ်၊ ရှမ်း )
စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (အင်္ဂလိပ်၊ ဗမာ)
0 comments:
Post a Comment