ကျားဖြူပါတီမှလားရှိုးမြို့ တွင် ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးရှင်းလင်းပွဲ ကျင်းပ
2.11.2015
ကျားဖြူပါတီကိုယ်စားပြု လားရှိုးမြို့ နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများနိုဝင်ဘာလ (၁) ရက်၊ မွန်းလွဲ ပိုင်း (၁) နာရီအချိန်က လားရှိုးမြို့ ၊ ရပ်ကွက် (၅) မာရ်အောင်မင်္ဂလာ မန်ကောင်းကျောင်း၌ မဲဆန္ဒရှင်ပြည်သူလူထုများနှင့်ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးရှင်းလင်းပွဲကျင်းပသည်။
ကျားဖြူပါတီသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖြစ်လာပြီး ရှမ်းပြည်နယ်အရေးကိစ္စများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း အမျိုးသးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်း ကပြောသည်။
လူငယ်စွမ်းရည်မြှင့်တင်ရေး၊ ကျား၊မ ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမှ ကင်းဝေးကာ ဒီမိုကရေစီနည်းစနစ်ကျကျအုပ်ချုပ်စီမံမှုအကျိုးကို တိုင်းရင်းသားများခံစားစံစားနိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း
ဒေါ်နန်းအွမ်ခမ်း က ပြောသည်။
ဆွေးနွေးပွဲသို့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအောင်၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်း၊ အမှတ်(၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းခွန်မောင် နှင့် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းအွမ်ခမ်း တို့ တက်ရောက်သည်။
#Lashio News Diary
0 comments:
Post a Comment