တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းလဲ ကျေးလက်ဘက် စည်းရုံးရေးမဆင်းဝံ့သေး
အောက်တိုဘာလ ၁ ရက် ၂၀၁၅
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် တသီးပုဂ္ဂလ အဖြစ်ရွေးကောက်ပွဲဝင်မည့် သျှမ်းလယ် ယာ စိုက်ပျိုးမှုဖွံ့ ဖြိုးတိုးတက်ရေး Shan Agricultural Development(S.A.D) ဥက္ကဌ စိုင်းစံထွန်း (ခေါ်) စိုင်းဆေဟန် က စည်းရုံးရေးစဆင်းနေပြီဖြစ်သော်လည်း လုံခြုံရေး အရ ကျေးလက်ဒေသဘက်သို့ မဆင်းဝံ့သေး ကြောင်းသိရသည်။
စိုင်းစံထွန်းသည် တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအနေဖြင့် လင်းခေးမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ စက်တင်ဘာ ၂၈ ရက်က ဒေသခံလူထုနှင့် စတင်တွေ့ ဆုံကာ အောက်တိုဘာတလလုံး လင်းခေးမြို့နယ်အတွင်း စည်းရုံးရေးဆင်းမည်ဖြစ်ကြောင်း၊ မြို့တွင်းရပ်ကွက် များတွင်ပိုများပြီး ညပိုင်းလူထုအားလပ်ချိန်မှသာ တွေ့ဆုံမည်ဖြစ်ကြောင်း စိုင်းစံထွန်း ကပြောသည်။
“ကျနော် တသီးပုဂ္ဂလ အနေနဲ့ လင်းခေး မဲဆန္ဒနယ်အမှတ် ၁ မှာပြိုင် မယ်လေ။ တကယ့်ကျေးလက်တွေ ဘက် တော့ မသွား ဖြစ်သေးပါဘူး။ လုံခြုံရေးအတွက်နဲနဲတော့ သွားလာဖို့ အခက်အခဲရှိတယ်။ ဒါမယ့် ကျေး လက်ဆိုတာက လည်း မဲဆန္ဒရှင်သိပ်မများပါဘူး။ မြို့တွင်းရပ်ကွက်က ပိုများပါတယ်။”
စိုင်းစံထွန်းသည် ယခင်ကလည်း လင်းခေးမြို့နယ်အတွင်းသာမက မြို့နယ်အသီးသီးမှ တောင်သူလယ် သမား များအားဖိတ်ကြားကာ သဘာဝ ဓါတ်မြေသြဇာလုပ်ပုံလုပ်နည်း၊ ပျိုးပင်များ အပင်ကြီးများ ပိုး မကျအောင် သဘာဝ နည်းဖြင့် ကာကွယ်နည်းအစရှိသည်တို့ကို သင်တန်းပေးရှင်းလင်းဆွေးနွေး ပြ သခဲ့ဖူးပါသည်။
တောင်သူလယ်သမားများ အရေးကူညီဖြေရှင်းပေးရန် ရွေးကောက်ဝင်ကာ အခွင့်အရေးတောင်း ဆို ပေးဖြစ် ကြောင်း စိုင်းစံထွန်းကပြောသည်။
“ကျနော့ ဆိုင်းဘုတ်တင်ပါတယ်။ မြို့လယ်က ၁ နေရာ ၀မ့်လုံ တံတားထိပ် နား က ၁ နေရာ ဟွေလိတ် တံတားထိပ် ၁ နေရာ ဝမ်ဟတ်ရွာလယ် ၁ နေရာ ဝမ်တိန်းရွာလယ် ၁ နေရာ အားလုံး ၅ နေရာတင်ထား ပါတယ်။”
စည်းရုံးရေးအတွက်အသုံးစရိတ်မှာလည်း မိမိအိပ်စိုက်ဖြင့်သာ လုပ်ဆောင် သွား မည်ဖြစ်ေ ကြာင်း စိုင်းစံထွန်းက ပြောသည်။
မည်သည့် နိုင်ငံရေး ပါတီမဆို နိုင်ငံရေးကို အဓိကထားပြီး ရွေးကောက်ပွဲ ဝင်ကြသည်ကို တွေ့ ရကြောင်း၊ တောင် သူလယ်သမားအရေး ကို မေ့နေ ကြကြောင်း ၊ တောင်သူ လယ်သမား ကောင်းစားပါက နိုင်ငံရေး ၊ စီးပွားရေး လည်း ဖွံ့ဖြိုးတိုးတက် မည်မှာမလွဲကြောင်း သျှမ်းလယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုး တိုးတက်ရေး ဥက္ကဌ စိုင်းစံထွန်း ခေါ် စိုင်းဆေဟန် ကပြော သည်။
လင်းခေးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်မည့် ပါတီများမှာ သျှမ်းတိုင်း ရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ( SNDP) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
( NLD) နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ဖြစ်ကြောင်း သိရသည်။
သျှမ်းသံတော်ဆင့်
0 comments:
Post a Comment