အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ



   20.10.2015

နှစ်စဉ်နှစ်တိုင်း အင်းလေးဒေသ ၂၁ ဌာနကို ဒေသစာရီ ကြွချီ ပူဇော်ခံတဲ့ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်တွေ ဟာ အောက်တိုဘာ ၂၀ ရက်မှာ ညောင်ရွှေမြို့ကို ရောက်ရှိလာပါတယ်။

ဗုဒ္ဓရုပ်ပွားတော်တွေကို ကရဝိက်ဖောင်တော်နဲ့ ပင့်ဆောင်ပြီး အင်းလေးဒေသ ရွာတွေက ရိုးရာဆွဲလှေတွေ နဲ့ ဒေသခံတွေက တက်ညီလက်ညီ စုပေါင်းလှော်ခတ်ကာ ပင့်ဆောင်ခဲ့ကြ တာ ဖြစ်ပါတယ်။

ညောင်ရွှေမြို့မှာ ၃ ရက်တာ ကျိန်းစက်အပူဇော်ခံမယ့် ရုပ်ပွားတော်မြတ်တွေကို ထောင်ချီတဲ့ ဒေသခံတွေက ကြိုဆိုခဲ့ပါတယ်။

ညောင်ရွှေမြို့ကို အင်းလေးဖောင်တော်ဦး ဘုရားတွေ ရောက်ရှိလာတဲ့နေ့မှာ နမ့်ကတ်ချောင်းအတွင်း အင်းသားရိုးရာ ရာကျော် လှေပြိုင်ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။

ဒီဘုရားပွဲတော်အတွင်းမှာ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွေ ကိုလည်း ထည့်သွင်း ကျင်းပလေ့ရှိသလို အနယ်နယ်အရပ်ရပ်က လာရောက်ရောင်းချတဲ့ ဈေးဆိုင်တွေ၊ ရိုးရာ ဇာတ်သဘင်ပွဲတွေကိုလည်း ဆင်ယင်ကျင်းပလေ့ ရှိပါတယ်။

နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်အထိ ၁၈ ရက်တိုင်တိုင် အင်းလေးပတ်ဝန်းကျင်က ရွာတွေကို ဖောင်တောင်ဦး ရုပ်ရှင်တော်မြတ်တွေက ကြွချီ အပူဇော်ခံလေ့ ရှိပါတယ်။

DVB
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment