အရှေ့အလယ်ပိုင်းတွင် ထိပ်တိုက်စစ်ပွဲများ ဖြစ်လာနိုင်ဟု ရုရှသတိပေး
31.10.2015
အမေရိကန်က အထူးတပ်များ ဆီးရီးယားသို့ စေလွှတ်ပြီးနောက်တွင် အရှေ့အလယ်ပိုင်းတွင် ထိပ်တိုက် စစ်ပွဲများဖြစ်လာနိုင်သည့် အန္တရာယ်များကြောင်း ရုရှားက သတိပေးသည်။
အမေရိကန်နှင့် ရုရှားကြား ပူးပေါင်းဆောင်ရွက်သွားကြရန် အလွန်လိုအပ်နေကြောင်း ရုရှနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ပြောသည်။
အမေရိကန်က အိုင်အက်စ်တို့အား တိုက်ခိုက်နေသည့် အတိုက်အခံတပ်ဖွဲ့များအား လေ့ကျင့်ရေး၊ အကြံပေးရေးများ အတွက် တပ်ဖွဲ့အင်အား ၅၀ စေလွှတ်ကြောင်း ပြောသည်။
ယင်းတပ်ဖွဲ့သည် ဆီးရီးယားတွင် အမေရိကန်တပ်ဖွဲ့များ ပထမဆုံး တာဝန်ထမ်းဆောင်သည့် တပ်ဖွဲ့များဖြစ်သည်။
Ref ; BBC
Mizzima - News in Burmese
0 comments:
Post a Comment