ဒေသခံကျောင်းသား/သူ လူငယ် ၄ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်

11.9.2015

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ တကွင်းကျေးရွာသို့ KIA အဖွဲ့ ရောက်ရှိလာပြီး ကျောင်းသား/ကျောင်းသူ ၄ ဦးအား လူသစ်အဖြစ်အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်းဒေသခံများထံမှသိရှိရသည်။ 

“ရွာကိုရောက်လာပြီးတော့ ပညာတတ်လူငယ် အမျိုးသား၊ အမျိုးသမီးတွေကို စုဆောင်းတာမရလို့ ကျောင်းသွားတဲ့ ကလေးတွေကို လူသစ်အဖြစ် ဇွတ်အတင်းလိုက်ဖမ်းတယ်၊ ပြီးခဲ့တဲ့နေ့ကလည်း ဖားကန့်ဘက်မှာ အမျိုးသမီး ၁၀ ယောက် ကို ဖမ်းသွားသေးတယ်၊ ကလေးတွေက ပညာသင်နေတာ၊ ပညာရေးတစ်ပိုင်းတစ်စနဲ့ သူတို့ခိုင်းသမျှ လုပ်နေ ရတော့မှာပဲ၊ ကျန်တဲ့ကလေးတွေလည်း ကျောင်းကို မသွားရဲကြတော့ဘူး၊ သူတို့စခန်းမှာ စစ်သင်တန်း တက်ခိုင်းတယ်၊ မတက်ချင် လည်း ရိုက်ပုတ်နှိပ်စက် တာကိုကြောက်တော့ တက်နေရတာပဲလေ၊ ကျောင်းနေအရွယ် ကလေးတွေအတွက် စိတ်မအေး ဖြစ်မိတာပေါ့၊ ကလေးတွေပညာရေးအတွက်ရင်လေးမိပါတယ်’’ဟု တကွင်းကျေးရွာရှိ ကျောင်းသားမိခင် တစ်ဦးမှ ပြောပြပါသည်။

KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောင်းသား/ကျောင်းသူ ၄ ဦးမှာ မဆိုင်းလုဂျာ ၂၀ နှစ်၊ ၁၀ တန်းအောင်၊ မောင်ဘရန်တောင် ၁၉ နှစ် ၈တန်း၊ မောင်နော်ဒိန် ၁၈ နှစ် ၈ တန်းနှင့် မောင်ဒွဲ အောင် ၁၆ နှစ် ၆ တန်းတို့ ဖြစ်ကြောင်း တကွင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးက ပြောပြပါသည်။


KIA အဖွဲ့သည် ၎င်းတို့ လူအင်အားရရှိရေးအတွက် ကျေးရွာများအတွင်းရှိ တောင်ယာလုပ်ကိုင်နေသူများ၊ ရွှေတူးဖော် နေသူများနှင့် ဒေသခံကျေးရွာသားများသာမက အရွယ်မရောက်သေးသော ကျောင်းသား လူငယ်များကိုပါ လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေခြင်းတို့ကြောင့် အချို့မိဘများမှာ ကလေးများအား မြို့ပေါ်ကျောင်းများသို့ ပြောင်းရွှေ့ပညာသင်ကြား ရန် ပို့ဆောင်နေကြကြောင်း သိရှိရပါသည်။


နော်ဂျာ
KDN
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment