ဆယ်ကျော်သက် မြန်မာအမျိုးသမီး ချင်းမိုင်တွင် လုယက်ခံရ



11.9.2015

ထိုင်းနိုင်ငံ ချင်းမိုင်မှာ အသက် ၁၆ နှစ်အရွယ် မြန်မာ ဆယ်ကျော်သက် အမျိုးသမီးတဦးဟာ တိုက်ခန်းမှာ လုယက်ခံရတဲ့အတွက် ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

ပါဒက်ခရိုင် နောင်ဘိုး တိုက်ခန်း အခန်းတံကားကို ဖွင့်ပြီး ထိုင်နေစဉ်မှာ အသက် ၃၀-၄၀ နှစ်ကြား ထိုင်းအမျိုးသားတဦးက ဓားနဲ့ ခြိမ်းခြောက်ပြီး လုယက်ခဲ့တာလို့ ရဲစခန်းကို ပြောတဲ့ အကြောင်း ချင်းမိုင်သတင်းမှာ ရေးပါတယ်။

အမျိုးသမီးဆီက ဘတ် ၂၀၀၀ ယူသွားပြီးတဲ့နောက် ဒီလူက လွတ်မြောက် သွားတယ်လို့ ဆိုပါတယ်။ ဒီနောက် ခင်ပွန်းနဲ့ ရဲကို ဖုန်းဆက်ခေါ်ယူခဲ့ပါတယ်။

လုံခြုံရေး ကင်မရာမှာ ပေါ်လာတဲ့ ပုံရိပ်ကတော့ မရှင်းလင်းသေးသလို လက်သည်ကို ရှာဖွေသွားမယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

DVB
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment