IP Adress ပေးစနစ် Version 4 ကုန်ဆုံးပြီဖြစ်၍ IPv6 သို့  ကူးပြောင်းရန်လို


အမေရိကန်ပြည်ထောင်စုတွင် IP Address Version 4 ဖြင့် အင်တာနက်အသုံးပြုရန် IP Address များ ချပေးလျက်ရှိရာ ယခုရက်သတ္တပတ်အတွင်းက နောက်ဆုံးလက်ကျန် IP Address များကို မှတ်ပုံတင်ယူ အသုံးပြုခွင့် ချပေးလိုက်ပြီဖြစ်၍ မြောက်အမေရိကတစ်တိုက်လုံးအတွက် နောက်ထပ်ချပေးရန် IP Address မကျန်ရှိတော့သည့်အတွက် သက်ဆိုင်ရာနည်းပညာကုမ္ပဏီများအနေဖြင့် IPv4 မှ IPv6 သို့  အမြန်ဆုံးအဆင့်မြင့်တင်နိုင်ရန်လိုအပ်နေကြောင်း အမေရိကန်ပြည်ထောင်စု၊ IP မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူများက ထုတ်ပြန် ကြေညာသည်။

IPv4 ကို အင်တာနက်စတင်အသုံးပြုခဲ့သော ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက စတင်အသုံးပြုနေခြင်းဖြစ်ပြီး IP Adress ပေါင်း ၄ ဒသမ ၃ သန်းရှိကြောင်း၊ အွန်လိုင်းအသုံးပြုသူဦးရေ အဆမတန်မြင့်တက်လာသဖြင့် IPv4 ၏ IP Address များ အလျင်အမြန်ကုန်ခမ်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ IP များအာဖရိကတိုက်အတွက်သာ ကျန်ရှိတော့ကြောင်း သိရသည်။

IPv4 ပြီးလျင် IPv6 ကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ပြီး IPv6 ကို ၁၉၉၉ ခုနှစ်ကတည်းက ကုမ္ပဏီအများအပြားက အသုံးပြုနေခဲ့ပြီဖြစ်ကြောင်း၊ IPv6 ၏ ဖွဲ့ စည်းပုံအရ IP Address များ ကုန်ခမ်းနိုင်လိမ့်မည်မဟုတ်ကြောင်း သိရသည်။

IPv6 ကိုပြောင်းဖို့  အချို့ သော Internet Service Provider (ISP) တွေအတွက် စိန်ခေါ်မှု ရှိနိုင်ပါတယ်။ အရင်ချပေးပြီးသား IPv4 ကိုလည်း ဆက်သုံးရမယ်၊ IPv6 ကိုလည်း တွဲသုံးရမယ်ဆိုတော့ အခက်အခဲတွေ ရှိနိုင်ပါတယ်။ IPv4 နဲ့  IPv6 တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဖို့ လုပ်ရင်း ချို့ ယွင်းမှုတွေဖြစ်ပေါ်လာနိုင်ပြီး အင်တာနက်လိုင်းနှေးတာတွေဖြစ်သွားနိုင်သလို အင်တာနက်ဆက်ကြောင်း ယာယီပြတ်တောက်မှုတွေ လည်း ဖြစ်နိုင်ပါတယ်ဟု ၄င်းကသတိပေးထားသည်။

Lashio News Diary
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment