သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသဘက် မဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီများအခက်တွေ့



30.9.2015

သျှမ်းပြည်တောင်ပိုင်း အတွင်းမဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီများ အခက်ေ တွ့နေသည်ဟု လွတ်တော်
ကိုယ်စားလှယ် လောင်း များက ပြောပြသည်။သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် လဲချားမြို့နယ် အတွင်းယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းတဦးက လဲချားမြို့၏ နမ့်တိန်းချောင်း အရှေ့ဘက်ခြမ်း လုံးဝ မဲဆွယ်
စည်းရုံးခွင့် မရကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထို့အတူ မိုင်းကိုင်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးက လည်း မြို့ဆင်ခြေ ဖုန်း အထိသာ မဲဆွယ်စည်းရုံး နေရကြောင်း၊ အကန့် အသတ်မရှိ မဲဆွယ်စည်းရုံးခွင့် ပိတ်ပင် ထားသည့်
အတွက်ကြောင့် မိမိ ယှဉ်ပြိုင် မည့် မဲဆန္ဒနယ် အတွင်း အပြီးမဲဆွယ် စည်းရုံး နိုင်ဖို့ ခက်ခဲေ စကြောင်း
 ပြောသည်။
“နမ့်စန်မြို့အတွင်းတော့ ဘာမှ မဖြစ်ဘူး မြို့ပြင်တော့ သွားလို့မရသေးဘူး။ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရာတွေပေါ့” - ဟု နမ့်ဇန်မြို့ နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် စိုင်းသူရိန်ဦး ကပြောသည်။

ထို့အတူ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်ဦး က ‘ကျနော် တို့လင်းခေး မိုးနဲဘက် စည်းရုံးရေးဆင်းတယ်။ လမ်းပေါ် ကျေးရွာတွေတော့ ဘာမှ မှမဖြစ် ဘူး။ လမ်းမ အပြင်ဘက် ကျေးလက်တွေ ဘက်တော့ မဆင်းရသေးဘူး” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရအကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် စက်တင် ဘာ ၁၆
ရက်နေ့က သျှမ်းပြည်တပ်မတော် RCSS/SSA မှ နိုင်ငံရေးပါတီအသီးသီး ၏ ကိုယ်စားလှယ်လောင်းများ
အတွက် လုံခြုံရေးစိတ် ချမှုမရှိသည့်အတွက် လုံခြုံစိတ်ချမှုရှိ သည် အထိ မဲဆွယ်စည်းရုံးရေး မဆင်း ကြရန် အကန့်အသတ်မရှိ ယာယီပိတ်ပင်ထား ခဲ့သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးကြီးစိုင်းလှက သျှမ်းပြည် မြောက်ပိုင်း မူစယ်၊
နမ့်ခမ်း၊ နမ့်တူ၊ မိုင်းလုံ၊ မိုးမိတ်၊ သီပေါ ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းရယ်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ လွယ်လင်၊ နမ့်ဇန်၊ ကွန်ဟိန်း၊ မိုးနဲ၊ မောက်မယ်၊ လင်းခေး၊ မိုင်းပန်၊ မိုင်းတုံ ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းပျင်း စသည့် မြို့နယ်များပါဝင်သည်ဟု ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်ပြီး နောက်တ
ရက် သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သျှမ်းပြည်နယ်အတွင်းမြို့နယ် ၅၀ ခု မြို့ ၂၉ ခု တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ တွင်တသီးပုဂ္ဂလ အပါဝင် ပါတီပေါင်း ၂၉ ခု ၊ ကိုယ်စားလှယ် လောင်း ပေါင်း ၈၆၉ ယောက်ရှိသည်ဟု ပြည်ထောင်
စုရွေးကောက်ပွဲမှ ထုတ်ပြန်ကြေငြာထားသည်။သျှမ်းနိုင်ငံရေးပါတီ၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ စုဖွဲ့ထား
သည့် သျှမ်းပြည် ညီညွတ်ရေး ကော်မတီ အထွေထွေ အတွင်း ရေးမှူး စဝ်ပင်ခမ်းက တိုက်ပွဲ အမှန်
တကယ် ငြိမ်သက်သွား ပါက လာမည့် သုံးလေးရက်တွင်း စည်းရုံးရေး ဆင်းနိုင်ရေး အတွက် RCSS မှ
ထုတ်ပြန် ကြေငြာ ချက် ပြန်လည်ရုပ်သိမ်းနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။

#သျှမ်းသံတော်ဆင့်
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment