ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အတူသွားရမည့်ဖြစ်စဉ်ဟု အီးယူသံအမတ်ကြီး ပြောကြား


အီးယူသံအမတ်ကြီး မစ္စတာရိုလန်ကိုဘီးယား (ဓာတ်ပုံ − မရန်)

Saturday, September 26, 2015

ရွေးကောက်ပွဲကျင်းပ ရန် ရက်နီးလာသကဲ့သို့ ငြိမ်းချမ်း ရေးဆွေးနွေးမှုများလည်း အထွတ် အထိပ်ရောက်
ရှိနေပြီဖြစ်၍ ယခု အချိန်သည် မြန်မာနိုင်ငံပြည်သူ များအတွက် အရေးကြီးသည့် အချိန်ဖြစ်ပြီး ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးမှာ အတူသွားရမည့် ဖြစ်စဉ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး မစ္စတာရိုလန်ကိုဘီးယားက စက်တင်ဘာ ၂၅ ရက် နံနက်တွင် မြစ်ကြီးနားမြို့၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

‘‘ဥရောပသမဂ္ဂအတွက်ရော ကျွန်တော်တို့အဖွဲ့အားလုံးကိုယ် စား ပြောချင်တယ်။ အားလုံးကို ရွေးကောက်ပွဲမှာ ပါဝင်ကြဖို့၊ ပြည့်စုံတဲ့ ရွေးကောက်ပွဲလို့တော့ ကျွန် တော်မပြောပါဘူး။ ဒါပေမဲ့ ကျွန် တော်တို့အနေနဲ့ ဒီရွေးကောက်ပွဲ ဟာ ကျွန်တော်တို့ကြုံလာခဲ့တဲ့ရွေး ကောက်ပွဲတွေထဲမှာ အကောင်း ဆုံးရွေးကောက်ပွဲဖြစ်လို့ အားလုံး ပါဝင်နိုင်ဖို့အတွက် အချင်းချင်းနှိုး ဆော်ကြဖို့အတွက် ပြောချင်ပါ တယ်’’ဟု သံအမတ်ကြီးက
 ပြော သည်။

ဒေသခံအချို့က နယ်မြေမ တည်ငြိမ်မှုများ ဖြစ်နေသည့်အ တွက် ပြည့်စုံသည့်ရွေးကောက်ပွဲ ဖြစ်လာမည်
မဟုတ်ကြောင်း စိုးရိမ်စွာ ပြောကြားမှုအပေါ် သံအမတ် ကြီးက ယင်းသို့အကြံပြုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်သည် ကချင်ပြည် နယ် ပူတာအိုမြို့ထိ သွားရောက်ခဲ့ပြီး
 ရွေးကောက်ပွဲကော်မရှင်၊ ဒေသအာဏာပိုင်များ၊ လူထုခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်း များ၊
ရိုးရာခေါင်းဆောင်များနှင့် လည်း တွေ့ဆုံခဲ့သည်။

ပူတာအိုဒေသတွင် ပြည်သူ အားလုံးမဲပေးနိုင်ရန်မှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်အ တွက် မဲရုံရှိရာ နေရာသို့သွားရန် ခက်ခဲခြင်း စသည့်စိန်ခေါ်မှုများစွာ ရှိနေသည်ကို သိရှိရကြောင်း သံ အမတ်ကြီးက ပြောသည်။

ကချင်ပြည်နယ်တွင် ရွေး ကောက်ပွဲအတွက် မဲရုံများအနက် မဲရုံ ၉၇ ရုံမှာ နယ်မြေအနေအထား အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံ ရေးပေးရန် စိန်ခေါ်မှုများကြုံတွေ့ နေရကြောင်း ကချင်ပြည်နယ် ရဲ တပ်ဖွဲ့မှူးက
 ပြောကြားထား သည်။

ရွေးကောက်ပွဲကျင်းပရန် တစ်လကျော်သာ လိုတော့ချိန် လက်ရှိတွင် ကချင်ပြည်နယ် ဗန်း မော်ခရိုင်
 မန်စီမြို့နယ်တွင် အစိုးရတပ်ဖွဲ့နှင့် ကေအိုင်အိုတို့ တိုက်ပွဲ များဖြစ်ပွားနေပြီး နယ်မြေအနေ အထား
တည်ငြိမ်အေးချမ်းမှုမရှိ သေးပေ။

7Day Daily
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment