ဒီချုပ်နာယက ဦးတင်ဦး အောင်လံမြို့၌ မဲဆွယ်စည်းရုံး ဟောပြောနေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒီချုပ်နာယကဦးတင်ဦး သည် ပဲခူးတိုင်း
ဒီချုပ်အောင်နိုင် ရေးခရီးစဉ်အဖြစ် အောင်လံမြို့တွင် မဲဆွယ်စည်းရုံးဟောပြောမှုများပြုလုပ်ရာ ဒီချုပ်၏ မူဝါဒ
ပိုင်းအပါအ၀င် အစိုးရဌာနများတွင်တပ်မတော် အရာရှိများ ပြောင်းရွှေ့ခန့်အပ်နေခြင်းအပေါ် ဝေဖန်ပြော
ကြားခဲ့သည်။
‘‘တရားစီရင်ရေးအပိုင်းမှာ အင်မတန်မှ ပညာနဲ့အတွေ့အကြုံ ၀ါရင့်တဲ့တရားသူကြီးတွေနေရာ မှာ
တပ်မတော်ဘက်က ဥပဒေ ပညာတတ်မြောက်သည်ဖြစ်စေ၊ မတတ်မြောက်သည်ဖြစ်စေ အ စားထိုးပြီး ခန့်အပ်တာမျိုးတွေ ကျွန်တော်တို့ ကြားသိနေရပြီးဖြစ် ပါတယ်။ တရားဥပဒေစိုးမိုးရေးအ ကြောင်းပြောလို့သာ တရားရေး ဌာနကိုပြောရတာပါ။ အခြားအ ခြားသော ဌာနတွေမှာလည်း ပါ ၀င်ပေါင်းစပ်ပြီး ဆင်းလာနေတာ ကိုလည်းတွေ့နေရတယ်။ အဓိက ခန့်အပ်လိုက်တဲ့ပုဂ္ဂိုလ်တွေသည် အကယ်၍ ရှေ့ဆက်
ပြီးတော့ သူ တို့နည်းသူတို့ဟန်နဲ့အောင်မြင်ခဲ့ လို့ အစိုးရဖွဲ့နိုင်ရင် နေရာတိုင်းမှာ သူတို့လူတွေ ကြို
တင်ရောက်ပြီး သားဖြစ်နေအောင် ကြိုတင်စီမံ ထားတယ်ဆိုတဲ့ သဘောရောက် ကြောင်းဖြစ်နေတာကို
ထင်ထင် ရှားရှားတွေ့ရလိမ့်မယ်လို့ ကျွန် တော်ပြောချင်ပါတယ်’’ဟု ဦးတင် ဦးကပြောသည်။
စက်တင်ဘာ ၂၅ရက် နေ့ လယ်က အောင်လံမြို့ ချယ်ရီရွှေခန်းမတွင် ပြုလုပ်သောလူထု တွေ့ဆုံပွဲနှင့်
ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ အခမ်းအနား၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးက
ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်လည်း ဖဲကြိုးဝါ၊ ဖဲကြိုးပြာစသော ဖဲကြိုးရောင်စုံ တော်လှန်ရေး ဖြစ်လာခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။
အရပ်သားဝန်ထမ်းများအ နေဖြင့် ဌာနများတွင် အလုပ်ကို ချစ်မြတ်နိုးသဖြင့် ၀င်ရောက်လုပ် ကိုင်ခဲ့ကြပြီး
အထက်ရာထူးအ ဆင့်များလစ်လပ်သောအခါတပ် မတော်မှ အရာရှိများကို ပြောင်း ရွှေ့ခန့်အပ်လိုက်မည်
ဆိုပါက ၀န် ထမ်းများ များစွာနစ်နာမှုများဖြစ် ရကြောင်းလည်း ဦးတင်ဦးကပြော ကြားသည်။
ဒီချုပ်နာယကသူရဦးတင်ဦး သည် မြို့နယ်အလိုက် ကိုယ်စား လှယ်လောင်းများ မိတ်ဆက်ပေးခြင်းနှင့် လူထုဟောပြောပွဲများကို ပန်းတောင်း၊ ဥသျှစ်ပင်၊ ကံမနှင့် သရက်မြို့တွင် ရက်ဆက်ပြုလုပ်ခဲ့ ပြီး စက်တင်ဘာ ၂၅ရက် နံနက် တွင် ဆင်ပေါင်ဝဲမြို့နယ်ကိုးပင် ကျေးရွာနှင့် နေ့လယ်တွင် အောင် လံမြို့၌ ဆက်
လက်ဟောပြောခဲ့သည်။
တစ်နာရီကျော်ကြာ မြင့်ခဲ့သော ၎င်း၏ဟောပြောမှုတွင် ပါတီ၏ မူဝါဒများဖြစ်သော တရားဥပဒေစိုးမိုးရေး၊
ပြည်တွင်းငြိမ်းချမ်းရေး၊ တပ်မတော်၏သဘောတရားဆိုင်ရာများနှင့် လက်ရှိမဲဆန္ဒရှင်စာရင်းမှားယွင်းမှု
များနေခြင်းနှင့် မဲပေးခွင့်ဆိုင်ရာများရှင်းလင်းခြင်းအပါအ၀င် လက်ရှိမြန် မာ့နိုင်ငံရေးအခင်းအကျင်းအချို့ကို သုံးသပ်ပြောကြားခဲ့သည်။
၎င်း၏ ပဲခူးတိုင်းခရီးစဉ်အ တွင်း သရက်မြို့တွင် မူးလဲ၍ ကျန်းမာရေး ချို့ယွင်းမှုများဖြစ် ပေါ်ခဲ့သည်ဟု
သတင်းများထွက် ပေါ်လာခဲ့သော်လည်း အဆိုပါသ တင်းမှာ မဟုတ်မှန်ကြောင်း သ တင်းရရှိသည်။
7Day Daily
0 comments:
Post a Comment