ရွေးကောက်ပွဲအတွက် သံရုံး ကိုးခုက ပူးတွဲကြေညာချက်ထုတ်ပြန်



15.9.2015

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီ ကာလများအတွင်း ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် ကျင်းပပြီးစီးရေး အတွက် သံရုံးကိုခုက ပူးတွဲကာ စက်တင်ဘာ ၁၅ ရက်က ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် "မြန်မာနိုင်ငံတွင် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ တရားဝင်စတင်ပြီဖြစ် ရာ နိုင်ငံနှင့် ယခုရွေးကောက်ပွဲ အောင်မြင်မှုတွင် နိုင်ငံတကာမိတ်ဖက်အဖြစ် ဆက်ဆံရင်းနှီးမြုပ်နှံထား သည့် မိတ်ဖက်များအဖြစ် စိုးရိမ်ပူပန်မှုများရှိကြောင်း၊ မဲဆွယ်ကာလအတွင်း ပဋိပက္ခများနှင့် ခွဲခြားမှုများကို လက်နက်သဖွယ်အသုံးချကာ ဘာသာရေးအား ခုတုံးလုပ်မည်ကို စိုးရိမ်ပူပန်ကြောင်း" ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမှုရေးပဋိပက္ခများကို ကိုးကားထောက်ပြကာ အဓိက ပုဂ္ဂိုလ်အဖွဲ့အစည်း များဖြစ်သည့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်နှင့် ဘာသာရေးခေါင်းဆောင် များနှင့် နိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲများ ငြိမ်းချမ်းစွာကျင်းပပြီးစီးရေးအတွက် အပြန်အလှန်လေး စားမှု များ၊ စိတ်ရှည်သီးခံသည် စိတ်သဘောများနှင့် ဥပဒေအောက် တစ်ညီတစ်ညွတ်တည်း တန်းတူရှိမှုများ ကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

"ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက် ပွဲများ ဖြစ်လာရေး ကျွန်တော်တို့က တိုက်တွန်းပါကြောင်း" ဖော်ပြထားသည်။

လက်ရှိရွေးကောက်ပွဲကာလတွင် မြန်မာနိုင်ငံနှင့် ပြည်သူများအား ထောက်ပံ့မှုများလည်း ပေးသွား
မည်ဖြစ်ကြောင်း ယင်းသံရုံးများက အတည်ပြုပြောသည်။

ယခု ပူးတွဲထုတ်ပြန်ချက်ကို သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ဆွိဒင်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံ သံရုံးများက ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment