ထာဝရငြိမ်းချမ်းရေးဌာနေပြည်သူ့စစ်ခေါင်းဆောင်တဦး ပစ်ခတ်ခံရ



26.9.2015

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့အဝင်တွင် ထာဝရ ငြိမ်းချမ်းရေး ဌာနေပြည်သူ့ စစ်ခေါင်း ဆောင် ဗိုလ်မှူးတဦး အား အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်ခံရသောကြောင့် မူစယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံ ယူေ နကြောင်း ကြားသိရပါသည်။

စက်တင်ဘာ ၂၅ ရက် နံနက် ၂ ရီခန့်အချိန် လားရှိုးမှလာသည့် စလွန်း ဂရောင်း တစီးက ကားဆရာတဦး နှင့် အတူ ဗိုလ်မှူးမိုးဝင်းဆိုသူ စီးနှင်းလာကြောင်း မူစယ်အဝင် ကတ်စတန်ရုံးအနီး ပစ်ခတ်ခံရကြောင်း၊ အဆိုပါကားအား အမည်မသိလက်နက်ကိုင်အဖွဲ့ တခုက ကျည်ကဒ်တခု ထက်မနည်းပစ်ခတ်ကြောင်း၊
စလွန်းကားအား ကျည်ဆန်အချက်ပေါင်း ၁၀ ကျော်ထိမှန်ကြောင်း ကြားသိရသည်။

“အခု အဲဒီ ဗိုလ်မှူးက သတိလစ်နေတယ်။ ကားဆရာက တော်တော် ကံကောင်း တယ်။ မထိခိုက်ဘူး။ ဒါပေမယ့် အဲဒီ ဗိုလ်မှူးလဲ ဘယ်ပခုံး မှာ တချက်ပဲထိတယ်” - ဟု မူစယ်ကျန်းမာရေး ဝန်ထမ်းတဦးကပြောသည်။
လားရှိုးကားဆရာအသိုင်းအဝိုင်းကလည်း ‘စက်တင်ဘာ ၂၄ ည ၇ နာရီကျော် အချိန် လားရှိုးမှ ၎င်းတို့ မူစယ်သို့ ထွက် သွားကြောင်း၊ အလုပ်အကိုင် ကိစ္စအရေးကြီးသည်ဟုဆိုကာ ကားဆရာ အိုက်ဦး ၏ ကားအား ငှားရမ်း သွားခြင်းဖြစ် ကြောင်း၊ လားရှိုး - မူစယ် အား ၅ နာရီခန့်သာ မောင်း ရသော်လည်း ညအ
ချိန်ဖြစ်သောကြောင့် ကားဖြည်းဖြည်းသာမောင်းရသည်’ ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

‘ကျနော့်အမြင်တော့ ဒီပစ်ခတ်မှုက ကချင်လက်နက်ကိုင်တို့ ပလောင်လက် နက်ကိုင်တို့ ပြောသာထက်၊ သူ့ရဲ့ စီးပွားရေး ပြိုင်ဘက်တွေထဲက ဘဲဖြစ်နိုင် တယ်။ သူ့အသွားအလာကို သိနေတဲ့သူဘဲဖြစ်နိုင်တယ်။ တကယ်တမ်းလက်နက်ကိုင်တပ်ဖွဲ့ တွေလုပ်မယ်ဆိုရင် မြို့နဲ့ဘယ်ကပ်လုပ်မလဲ။ လုပ်နိုင်တဲ့ေ နရာတွေ
အများကြီး။ အစတောင်ရမှာမဟုတ်ဘူး’ - ဟု ၎င်းနှင့်နီးစပ် သည့် တော်လှန်ရေးသမားဟောင်းတဦးကပြောသည်။သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်အတွင်း ပြည်သူ့စစ် တပ်ဖွဲ့အများ အပြားရှိသည်။ ကွတ်ခိုင်မြို့နယ်အတွင်း ကောင်းခါး ပြည်သူ့စစ် အမှတ် ၁ မှ ၅ အထိရှိသည်။

မူစယ်မြို့နယ်အတွင်းတွင် ဦးတီခွန်မြတ်၊ ဦးမြင့်လွင် စသည့်အဖွဲ့များ၊ နမ့်ခမ်းမြို့နယ်တွင် ပန်းဆေးပြည်သူ့တပ်ဖွဲ့၊ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ---- စသည့် ပြည်သူ့စစ်တပ်ဖွဲ့ အများအပြားရှိသည်။လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များလည်း သျှမ်းတပ်၊ ကချင်တပ်၊ ပလောင်တပ်၊ ရခိုင်တပ်ဖွဲ့ စသည့် လက်နက်ကိုင် တပ်ဖွဲ့များရှိ သည်။ ဒေသ အတွင်း အစိုးရတပ်ဖွဲ့များအပြင် အောက်ပြည်မှ အင်အားဖြည့်လှုပ်ရှားနေ သည့်
 တပ်မ ၁၁ ၊ ၃၃၊ ၆၆၊ ၇၇၊ ၈၈ နှင့် ၉၉ တပ်မ များလှုပ်ရှားသွားလာသည်။

Panglong(Burmese)
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment