ငါးထမင်းချဉ်လုပ်နည်း













ရှမ်းအစားအစာဖြစ်တဲ့ ငါးထမင်းချဉ် လုပ်နည်းလေးပါ။ ရေချိုငါးကို ပြုတ်ပြီ ငါးအသားနဲ့ ထမင်းကို နုယ်ထားတဲ့ ငါးထမင်းချဉ်လေးပါ။ ငရုတ်ပွနီတောင့်ကြော်၊ ဂျူးမြစ်၊ ကြက်သွန်ဖြူတို့ နှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။ မနက်စာ၊ ညနေစာ၊ အစာပြေ မိမိကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရေချိုငါး (ငါးရံ့(သို့) ငါးကြင်း) – ၂၀ကျပ်သား (အတုံးကြီးများ တုံးထားပါ)
ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
အာလူး – ၂လုံး (ပြဲအောင် ရေဖြင့် ပြုတ်ထားပေးပါ)
ဆနွင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ဂျူးမြစ် – တွဲဖက် သုံးဆောင်ရန်
ငရုတ်သီးနီခြောက် – ၈ခု (ဆီဖြင့် ကြော်ထားပေးပါ)
ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်း) (ဒယ်ထဲ ဆီထည့် ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ ထည့်ပြီ ဆီချက် ချက်ထားပါ)
မှတ်ချက် ။ ။ ဆီချက် ဆီနှင့် ကြက်သွန်ဖြူ ကြော်များကို သက်သက်စီခွဲထားပါ

ပြင်ဆင်နည်း

၁။ အရင်ဆုံး စတီအိုးတစ်ခုထဲတွင် ရေအပြည့်ထည့်ပြီ အာလူးများကို ပြဲသည်အထိ တည်ထားပေးပါ။
၂။ အာလူး တည်ထားစဉ် နောက် ဒယ်အိုးတစ်ခုထဲတွင် ရေချိုငါး၊ ခရမ်းချဉ်သီး၊ ဆနွင်း၊ ငါးငံပြာရည်၊ ရေ(၂ခွက်) တို့ကို ထည့်ပြီ ရေအနည်းငယ်
ကျန်သည်အထိ အဖုံးအုပ်ပြီ တည်ထားပေးပါ။
၂။ ပုံတွင် ပါသည့်အတိုင်း ရေအနည်းငယ်ကျန်ပြီ ခရမ်းချဉ်သီးများ ပြဲသွားလျှင် မီးပိတ်လိုက်ပါ။
၃။ ထို့နောက် ငါးများကို ဆယ်ပြီ အရိုး၊ အရေခွံများဖယ်ကာ အသားနွှင်းပေးပါ။

ငါးထမင်းချဉ် လုပ်နည်း

၁။ ငါးထမင်းချဉ် စနုယ်ပါမည်။ ဇောက်ခွက်တစ်ခုထဲ ထမင်း(၃ယောက်စာ)၊ ပြုတ်ထားသော အာလူး
(လက်ဖြင့်ခြေပြီ)၊ ငါးအသား၊ ခရမ်းချဉ်သီး
အနှစ်၊ ကြက်သွန်ဖြူ ဆီချက် ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပါ။
၂။ ထို့နောက် ထမင်း နှင့် ငါး၊ အာလူး၊ ခရမ်းချဉ်သီး နှစ်များကို သမအောင် ရောနုယ်ပေးပါ။
၃။ အရသာ အနေတော်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်ဖြူကြော်၊ ကြက်သွန်မြိတ် များဖြူးပေးပါ။
၎။ အရသာကောင်းမွန်သော ငါးထမင်းချဉ်ကို ဂျူးမြစ်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ တို့ဖြင့်
တွဲဖက်သုံးဆောင်နိုင်ပါပြီ…

 Wutyee Food House မှကူးယူဖော်ပြခြင်းဖြစ်ပါသည်
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment