10.9.2015
ပြီးခဲ့သောလေးနှစ်တာကာလအတွင်း လုပ်ဆောင်ချက်များကို အားရကျေနပ်မှုရှိပါက မဲပေးကြရန် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ တွင် မဲဆွယ်စကားပြောကြားလိုက်သည်။
နိုဝင်ဘာ ၈ရက်တွင် ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲအ တွက် ပထမဦးဆုံး မဲဆွယ်ဟော ပြောခွင့် စတင်ရရှိသည့် စက်တင်ဘာ ၈ရက်တွင် ယင်းသို့ မဲဆွယ်ဟောပြောခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ကိုယ်စားလှယ်လောင်းသုံးဦးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၄)ရပ်ကွက်တွင် မဲဆွယ်ဟောပြောခဲ့ခြင်းဖြစ်သည်။
''အနေအထားတစ်ခု တိုးတက်ရာတိုးတက်ကြောင်းကို ဆောင်ရွက်ပေး ရမှာပါ။ ပြီးခဲ့တဲ့လေးနှစ်ကျော် ကာလအတွင်းမှာလဲ တတ်နိုင်သလောက် လုပ်ပေးခဲ့တာတွေရှိပါတယ်။ အခုလဲ လုပ်ပေးဖို့ ရွေးကောက် တင်မြှောက်ခံရတယ်ဆိုရင်တော့ တိုးတက်အောင်လုပ်ပေးဖို့ပါပဲ။ ကျွန်တော်တို့ လုပ်ဆောင်မှုတွေကို အားရတယ်၊ ကျေနပ်တယ်ဆိုရင် ကျွန်တော့်ကိုမဲပေးပါ''ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောဆိုခဲ့သည်။
ဒေါက်တာစိုင်းမောက်ခမ်းသည် လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံမည်ဖြစ်သည်။
#YangonTimesJournal
0 comments:
Post a Comment