တောင်ကြီးတွင် အ၀ါရောင်ဖဲကြိုးလှုပ်ရှားမှုစတင်

တောင်ကြီးမြို့တွင် တရားလွှတ်တော်ရှေ့နေများက ဖဲကြိုဝါလှုပ်ရှားမှု ပြုလုပ်နေစဉ်(ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း)

16.9.2015

တရားစီရင်ရေးစနစ်တွင် တပ်မတော်အရာရှိကြီးများအား ခန့်အပ်နေမှုကို ကန့်ကွက် သည့်အနေဖြင့် အ၀ါရောင်ဖဲကြိုး ၀ါတပ်ဆင်သည့် လှုပ်ရှားမှုကို တောင်ကြီးမြို့ခံရှေ့နေများက စက်တင်ဘာ ၁၅ ရက်၌ စတင်ခဲ့ကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့ရှိ ရှမ်းပြည် နယ် တရားလွှတ်တော်ရုံးရှေ့တွင် အဆိုပါ ဖဲကြိုးဝါလှုပ်ရှားမှုကို တရားလွှတ်တော်ရှေ့နေများက စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် စတင်ပြုလုပ်ခဲ့သည်။

‘‘စစ်အစိုးရနောက်ပိုင်းမှာ တရားရေးစီရင်မှုစနစ်မှာ အုပ်ချုပ်ရေးက ၀င်စွက်တယ်။ အခုဆိုရင် လည်း စစ်တပ်က တရားစီရင်ရေးကိစ္စတွေ ၀င်ရောက်စွက်ဖက် တယ်။ လွတ်လပ်စွာ တရားစီရင် ရေးဆိုတာ ရေရှည်မပေါ်ပေါက် နိုင်ဘူး။ တရားရေးဝန်ထမ်းတွေ ဖြစ်တဲ့ တရားသူကြီးတွေ သူတို့မှာ နှစ်ပေါင်းများစွာ အောက်ကနေ အပင်ပန်းခံလာရတယ်။ ဒီမိုးကျ ရွှေကိုယ်တွေ ရောက်လာတဲ့အ တွက် သူတို့အနစ်နာခံလာရတာ တွေက အလကားဖြစ်နေတယ်’’ ဟု တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက ပြောသည်။

အ၀ါရောင်ဖဲကြိုးလှုပ်ရှားမှု တွင် အခြားမြို့များမှ ရှေ့နေရှေ့ ရပ်များအားလုံးပါဝင်လာစေရန် တစ်ပတ်ကျော်ကြာပြုလုပ် မည်ဟု ဦးဝင်းဇော်ဦးက ပြောသည်။
‘‘ဥပဒေပညာရှင်တွေ အများ ကြီးရှိနေတာကို စစ်တပ်ကနေပြီး တော့ ရာထူးကြီးတဲ့နေရာတွေ ၀င်သွားတယ်။ ဥပဒေပညာကို နား မလည်ဘဲ နေရာဝင်ယူတယ်ဆို တော့ ဥပဒေစိုးမိုးမှုမရှိဘူး’’ဟု အ ထက်တန်းရှေ့နေ ဒေါ်ဇင်သန်းရီ က ပြောသည်။

ရှေ့နေများ၏ အ၀ါရောင်ဖဲ ကြိုးတပ်ဆင်လှုပ်ရှားကို စက်တင် ဘာ ၉ ရက်တွင် နေပြည်တော်က စတင်ခဲ့ပြီး ရန်ကုန်နှင့် တောင်ကြီးအပါအ၀င် မြို့အချို့၌ အဆိုပါလှုပ်ရှားမှုများပျံ့နှံ့နေပြီဖြစ်သည်။

7Day Daily

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment