အပစ်ရပ်စာချုပ်နဲ့ တပ်မတော်




11.9.2015

အပစ်ရပ်စာချုပ်မှာ တပ်မတော် က ပါဝင်လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တပ်မတော် ရဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံပြီး ပြန်လာတဲ့ KNU ဥက္ကဌက ၄င်းတို့နဲ့ တွေ့ဆုံစဉ်မှာ တပ်မတော်ဟာ ငြိမ်းချမ်းရေးကို လိုချင်တဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ မျှော်လင့်ထားတာ ထက်ပိုပြီးတော့ သာလွန်မှုရှိပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်က ထက်ပိုပြီး တော့ လည်း ငြိမ်းချမ်းေ၇းကို လိုချင်လာတာကိုတွေ့ရကြောင်း မိမိတို့ကသာ နောက်ကျနေခြင်းဖြစ်ကြောင်း ပြောခဲ့တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက အထူးအကြံပေး ဦးလှမောင်ရွှေက ပြန်လည်ပြောပြခဲ့ပါတယ်။

ဒါ့ကြောင့်လည်း တပ်မတော်ဟာနိုင်ငံတော်သမ္မတနဲ့အတူ ငြိမ်းချမ်းရေး အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ရေုးထိုးမှာဖြစ်တယ် လို့ ထပ်လောင်းပြောဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဥပဒေအကြံပေး ဖြစ်သူ ဒေါက်တာ အင်ဒရူး(ခ) ဆလိုင်းငွန်ကျုံး လျန်ကလည်း အပစ်ရပ်စာချုပ်ကို လွှတ်တော်တင်ရင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ထောက်ခံခြင်းမပြုရင် ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းနဲ့ ပတ်သတ်ပြီး အခုလိုဖြေကြားပါတယ်။
"ထောက်ခံမှာပါ။ ဘာလို့လဲဆိုတော့ တစ်ကယ်တိုက်ပွဲတိုက်ခဲ့တဲ့၊ သေခဲ့တဲ့ တပ်မတော်သားတွေက ငြိမ်းချမ်းကို အရမ်းလိုချင်တယ်။ သူတို့တစ်ကယ်တိုက်ပြီး တစ်ကယ်သေခဲ့လို့။ တစ်ကယ်မတိုက်ခဲ့ရတဲ့ သူတွေ အတွက်သာမပြောရဲတာ။ ဒါကြောင့် ၂၅ ရာခိုင်နှုန်းကတော့ ထောက်ခဲ့မှာပဲ။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကိုတော့ မပြောတတ်ဘူး" လို့ ဒေါက်တာ အင်ဒရူးကပြောပါတယ်။

Popular Journal


Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment