မိုင်းတုံရေကာတာ တည်ဆောက်ပြီးပါက ရေအောက်ရောက်သွားနိုင်သည့် ဟိုလိန်းစေတီ (shanhumanrights.org)
ခိုင်မာသော နိုင်ငံရေး အာမခံချက်မရှိသေးသည့်ကာလ အတွင်း သံလွင်မြစ်မှ လျှပ်စစ် ဓာတ်အားထုတ်ယူ
မည့် မိုင်းတုံ ရေကာတာစီမံကိန်းကို ရပ်ဆိုင်း ပေးရန် ကာလိ၊ ကွန်ဟိန်း ဒေသခံ များက ထပ်မံတောင်းဆိုလိုက်သည်။
ဒေသခံ တိုင်းရင်းသားများ သည် ပဋိပက္ခဒဏ်ကို ဆယ်စုနှစ်နှင့်ချီ ခံစားနေရသောကြောင့် ခိုင်မာသော နိုင်ငံရေးအာမခံချက် မရရှိသေးသည့် ကာလအတွင်း သံလွင်မြစ်ပေါ်တွင် အကောင်အ ထည်ဖော်မည့် ရေကာတာစီမံ ကိန်းကို ရပ်ဆိုင်းပေးရန် တောင်း ဆိုခြင်းဖြစ်ကြောင်း ဒေသခံများက ထပ်မံ တောင်းဆိုခဲ့ခြင်းဖြစ် သည်။
‘‘ရေကာတာ တည်ဆောက် ရေး စီမံကိန်းကို ပြည်သူလူထုက ခွင့်မပြုပါဘူး။ ရှမ်းပြည်နယ်ထဲက ရှမ်းလူမှု
အဖွဲ့အစည်းတွေရော၊ ရှမ်းနိုင်ငံရေးပါတီတွေကပါ လက်မခံဘူး။ ဒါကြောင့် ရေကာတာ တည်ဆောက်ရေးနဲ့ ပတ်သက် တာတွေ အားလုံးရပ်သင့်ပါပြီ’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောသည်။
ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ်လက်မှတ်ရေးထိုးရန် ဆွေးနွေး
နေစဉ် မှာပင် ရှမ်း ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ အချို့နေရာများတွင် ထိတွေ့မှုများ၊ တိုက်ပွဲများ မကြာ
ခဏဖြစ်ပွား နေကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
တစ်ဖက်က နိုင်ငံရေး မတည်ငြိမ်ခြင်းကြောင့် နယ်မြေမငြိမ်းချမ်းဖြစ်နေသည်ကို ဒေသခံ များ စိုးရိမ်သောကရောက်နေစဉ် အစိုးရနှင့်ကုမ္ပဏီက ရေကာတာ တည်ဆောက်ရန် စိုင်းပြင်းလျက် ရှိသည်ကို တွေ့ရှိ
ရကြောင်း၊ အ ဆိုပါရေကာတာကြောင့် ဒေသခံ များ ရွှေ့ပြောင်းရမည်ကို စိုးရိမ် လျက်ရှိပြီး နောက်ဆက်
တွဲပြဿ နာအဖြစ် လူမှုစီးပွားထိခိုက်မည် ကိုလည်း စိုးရိမ်သောကရောက် နေကြကြောင်း ရှမ်းလူအခွင့်အ ရေးအဖွဲ့က ပြောကြားသည်။
သံလွင်မြစ်တွင် တည် ဆောက်ရန် စိုင်းပြင်းနေသော မိုင်းတုံရေအားလျှပ်စစ်သုံး ရေ ကာတာစီမံကိန်းကို ဇူလိုင်က စ ၍ ကွန်ဟိန်းနှင့် မိုင်းတုံမြို့နယ်မှ ဒေသခံများက ကန့်ကွက်ခဲ့ကြ သည်။ ရေကာတာစီမံကိန်းကို တည်ဆောက်မည့် သြစတြေးလျ ကုမ္ပဏီက ပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်းကောက်ယူခဲ့စဉ်က လည်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဒေသခံတို့က မတည်ဆောက်ရန် တားမြစ်ခဲ့ကြသည်။
သံလွင်မြစ်အရှေ့ဘက်ခြမ်း ဟိုလိန်းရွာမှ ဒေသခံ ၈၀ ဦးက ရေတာကာတည်ဆောက်မှု ဆန့်ကျင်ကြောင်း ဆန္ဒပြမှုတစ်ခုကို ဇူလိုင်အတွင်းက လူအင်အား ၈၀ ခန့်ဖြင့် ပြုလုပ်ခဲ့သည်။
မိုင်းတုံရေကာတာစီမံကိန်း သည် China Three Gorges Corporation၊ The Electricity Generating Authority of Thailand နှင့် အစိုးရတို့ ပူးပေါင်း အကောင်အထည်ဖော်မည့် စီမံ ကိန်းဖြစ်သည်။ ရေကာတာတည်ဆောက်ရေးအတွက် ပတ်ဝန်း ကျင်ထိခိုက်မှုနှင့် လူမှုထိခိုက် မှု ဆန်းစစ်ခြင်းစစ်တမ်းအတွက်
သြစတြေးလျကုမ္ပဏီကို ငှားရမ်းခဲ့သည်။
အဆိုပါ ရေကာတာသည် ရေအားလျှပ်စစ် ခုနစ်ထောင်မဂ္ဂါဝပ်စက် တပ်ဆင်အားရှိ စီမံကိန်းဖြစ်ကာ လျှပ်စစ်ဓာတ်အား အများစုကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ ရောင်းမည်ဖြစ်သည်။
7Day Daily
0 comments:
Post a Comment