“အင်းလေးနှင့် ပင်းတယရွှေဥမင်ဒေသကို ဆေးလိပ်ငွေ့ ကင်းစင်ဒေသ အဖြစ် သတ်မှတ်”
11.9.2015
အင်းလေးဒေသနှင့် ပင်းတယ ရွှေဥမင်ဒေသတို့ကို ယနေ့မှစ၍ ဆေးလိပ်ငွေ့ ကင်းစင်ဒေသအဖြစ် တစ်နှစ်တာသတ်မှတ် သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
အရှေ့တောင်အာရှ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးအဖွဲ့ (Southeast Asia Tobacco Control Alliance)နှင့် ကျန်းမာရေးဝန်ကြီးဌာန ပူးပေါင်းကာ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး (ယနေ့)၂၀၁၅ စက်တင်ဘာ ၁၀ ရက်မှ ၂၀၁၆ စက်တင်ဘာ ၉ ရက်အထိကို ပညာပေးကာလအဖြစ် သတ်မှတ်ကာ ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် အကောင်အထည် ဖော်သွားမည်ဟု ပင်းတယမြို့နယ် ပြည့်သူ့ဆေးရုံအုပ် ကြီး ဒေါက်တာ သန်းမင်းထွဋ့်က ပြောသည်။
ပထမဆုံးအကြိမ်အဖြစ် ပုဂံဒေသကို ယခုနှစ် သြဂတ်လ ၂၃ ရက်မှစတင်ကာ (၁)နှစ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် အကောင်အထည်အ ထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် ကျန်မာရေးဦးစီးဌာနမှ သတင်းရရှိသည်။
7Day News Journal
0 comments:
Post a Comment