နမ့်ဆန်မြို့နယ်အတွင်း အစိုးရတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား



29.9.2015

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ပန်ကျရော့ကျေးရွာအနီးတွင် စက်တင်ဘာလ ၂၅ ရက်နေ့၌ အစိုးရ တပ်နှင့် TNLA တို့ နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရခြင်းမှာ အစိုးရတပ်မတော်မှ ၄င်းနယ်မြေအတွင်း ထုတ်ပြန်ထားသော စည်းကမ်းများကို TNLA အဖွဲ့မှ မလိုက်နာဘဲ ချိုးဖောက်၍သာ ဖြစ်ပွား ရခြင်းဖြစ်ကြောင်း သိရသည်။

“TNLA အဖွဲ့က ရွာထဲမှာ အစိုးရတပ်တွေ ရှိနေမှန်းသိရက်နဲ့လာပြီး ဆက်ကြေးငွေကောက်၊ လူသစ် စုဆောင်းဖို့ လာတာ။ ဒါ့ကြောင့် တိုက်ပွဲဖြစ်ရတာပါ။ အစိုးရတပ်တွေ ရွာမှာရှိနေတာ ဘာမှမဖြစ်ဘူး။ ရွာသားတွေတောင် အေးအေးချမ်းချမ်းနေရလို့ စိတ်ချမ်းသာနေကြတာ။ သူတို့တွေ လာမှာကိုတော့ ရွာသားတွေက ကြောက်နေပါ တယ်။ ရွာကိုလာရင်း အတင်းအကြပ် ဆက်ကြေးတောင်းတယ်။ လူသစ်အဖြစ် ရွာကလူငယ်တွေကို ဖမ်းတယ်။ အခုလည်း အစိုးရတပ်တွေ ရှိနေတာကို အတင်းဝင်လာပြီး ဆက်ကြေးတောင်း၊ လူသစ်လာစုလို့ တိုက်ပွဲဖြစ်ပွား တာပါ။ TNLA ဘက်က ၄ ယောက် သေဆုံးတယ်။ အစိုးရတပ်ဘက်ကတော့ ကျဆုံးတယ်လို့ မကြားမိဘူး”ဟု ရွာသားတစ်ဦးက ပြောပြသည်။

“TNLA အဖွဲ့ရဲ့ ရပ်တည်ချက်နဲ့လုပ်ရပ်တွေက ပလောင်ဒေသနဲ့ ပလောင်တိုင်းရင်းသားတွေအတွက် မဟုတ်ဘဲ သူတို့ကိုယ်ကျိုးအတွက်ပဲ၊ ကိုယ့်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေ အေးအေးချမ်း ချမ်း နေနိုင်အောင် ဘာတစ်ခုမှ လုပ်မပေးနိုင်ရင်နေပါ။ နေ့စဉ်နှင့်အမျှ တိုက်ပွဲတွေကိုတော့ ဖန်တီးမပေးပါနဲ့။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် လက်နက်ကိုင်နေရတာဖြစ်တယ်လို့ ပြောပေမယ့် ကိုယ့်ဒေသက တိုင်းရင်းသားတွေကို ပြန်ပြီး ဒုက္ခပေးနေ တာပါ။ အခုလို တိုက်ပွဲတွေဖြစ်နေတာက အစိုးရတပ်တွေကြောင့် မဟုတ်ပါဘူး။ အစိုးရတပ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပြီးသားပါ။ ငြိမ်းချမ်းရေးရရင် ကိုယ်ကျိုးအတွက် ဘာမှလုပ်လို့မရတော့မှာ ကြောက်နေ တဲ့ TNLA လို လက်နက်ကိုင် အဖွဲ့တွေကြောင့် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေရတာပါ”ဟု နမ့်ဆန်မြို့ခံ ရှေ့နေ တစ်ဦးက ပြောကြား သွားခဲ့သည်။

မိုင်းအိုက်ကျော်ရွှေ
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment