ပြည်နယ်အဆင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေး မျိုးဆက်သစ် (သျှမ်းပြည်) အဖွဲ့ ချင်းမိုင်မြို့ ပြည်ထောင်စု အင်စတီကျုရုံး၌ ရှင်းလင်းချပြ



ဓါတ်ပုံ- ချင်းမိုင်မြို့ အခြေ စိုက်ပြည်ထောင်စုအင်စတီကျုရုံး၌ မျိုးဆက်သစ်(သျှမ်းပြည်) မှ မူဘောင် မူကြမ်း ရှင်းလင်းချပြမှု

30.9.2015

ပြည်နယ်အခြေပြု နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေး ‘သျှမ်းပြည်နယ် - ပြည်နယ်အဆင့်နိုင်ငံရေး တွေ့ဆုံဆွေးပွဲ နှင့် လူထုဘုံ စုဆုံရပ်ဆိုင်ရာ မူဘောင်ထွက်ပေါ်လာ နိုင်ရေးအတွက် မျိုးဆက်သစ်
(သျှမ်းပြည်) မှ မူဘောင် မူကြမ်းတရပ်ရေးဆွဲကာ ချင်းမိုင်မြို့ အခြေ စိုက်ပြည်ထောင်စုအင်စတီကျုရုံး၌ သုံးရပ်ကြာ ချပြ ရှင်းပြ မည်ဖြစ်သည်။

သျှမ်းပြည်နယ် - ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင် မူကြမ်းအား ၂၀၁၅ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်နေ့ အထိ သုံးရက်ကြာ ချပြ ရှင်းပြ အကြံ အဉာဏ်ကောင်း ရယူပြင်ဆင်နိုင်ရေးအတွက် မျိုးဆက်သစ်(သျှမ်းပြည်) ကိုယ်စားလှယ်များ ဖြစ်ကြ သည့် ကိုညီညီမိုး၊ စိုင်းစိုင်းငင်း တို့အဖွဲ့ ၅ ဦး မှ ဦးဆောင် ရှင်းပြ၏။

ပထမ ရက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA ငြိမ်းချမ်းရေးကိုယ်စား လှယ်ခေါင်းဆောင် ဗိုလ်မှူး
ချုပ်ပေါင်ခေး နှင့်အဖွဲ့၊ သျှမ်းပြည်ညီညွှတ်ရေးေ က်ာမတီ CSSU အထွေထွေ အတွင်းရေးမှူးကြီး စဝ်ပင်
ခမ်းနှင့်အဖွဲ့ တို့ တက်ရောက်ကြသည်။

“အဓိက ကတော့ တိုင်းရင်းသားပြည်သူတရပ်လုံး ယုံကြလက်ခံတဲ့ ဖက်ဒ ရယ်ပြည် ထောင်စု ပေါ်ပေါက်ဖို့၊ ထာဝရတည်တံ့တဲ့ငြိမ်းချမ်းရေး အတွက် အထောက်အကူဖြစ်ဖို့၊ ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ
 တွေကို တရားဥပဒေနဲ့ အညီ မျှတစွာ ဖြေရှင်းနိုင်ဖို့၊ ပြည်နယ်ဖွံ့ဖြိုး တိုး တက်ရေးေ ဆာင်ရွက်ရာမှာ
အထောက်အကူပြုဖို့၊ ပြည်သူ့ဘ၀လုံခြုံရေး အတွက် တရား ဥပဒေ စိုးမိုး မှုအားကောင်းစေဖို့၊ အသွင်
ကူးပြောင်းရေးကာလ နှင့် အမျိုးသား ပြည်လည် သင့်မြတ် ရေး ကိစ္စရပ်မှာအထောက်အကူပြုစေဖို့ -
ဒီမူဘောင်ရေးဆွဲရတာဖြစ်တယ်” လို့ စိုင်းစိုင်းငင်းက ရှင်းပြပါသည်။

သျှမ်းပြည်နယ် - ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင် မူကြမ်းတွင် နိုင်ငံ ရေးဆိုင်ရာ
ကိစ္စ၊ စီးပွားရေးဆိုင်ရာကိစ္စ၊ မြေယာပိုင်ဆိုင်မှု ဆိုင်ရာကိစ္စ၊ လူမူအရေး၊ သဘာဝ ပတ်ဝန်းကျင်အရေး၊ မူး
ယစ်ဆေးဝါး က အစ ပညာရေး၊ ကျန်းမာရေး စသဖြင့် အခန်းကြီး ၁၁ ခန်း နှင့်အတူ အပိုဒ်ငယ်
 ပေါင်းမြောက်များစွာပါရှိသည်။

အဆိုပါ ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာ ပြည်နယ် အစိုးရ၊ လက်နက်ကိုင် တပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ ပညာရှင် နှင့် အရပ်ဘက်လူမှု အဖွဲ့နှင့် တိုင်းရင်းသားကိုယ်စားလှယ် အချိုးကျ ပါဝင် နိုင်ရေး တွေ့ဆုံေ ဆွးနွေးရေး ပုံစံ ဒီဇိုင်းအားလည်း ချပြ ရှင်းပြသွားသည်။

ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးပွဲ (Formally mandate state-based dialogue) မူဘောင် မူကြမ်းအား ပြည်နယ်အဆင့်မှ ပြည်ထောင်စု အဆင့် သို့ တွေ့ဆုံဆွေးနိုင်ရန် ပြည်ထောင်စုအဆင့် မူဘောင်
ညှိနှိုင်းရေး ဆွေးပွဲသို့ အဆိုပြု ပေးပို့သွားမည်ဟုလည်း ပြောကြားသွားကြပါသည်။

သျှမ်းသံတော်ဆင့်


Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment