ဒီချုပ် ၀င်မပြိုင်သည့် မဲဆန္ဒနယ် ၃၃ ခုတွင် ၃၂ ခုမှာ ရှမ်းပြည်နယ်မှဖြစ်



27.9.2015

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည့် မဲဆန္ဒနယ် ၃၃ ခုအနက် ချင်းပြည်နယ် တီးတိန်မြို့မှလွဲ၍ ကျန်မဲဆန္ဒနယ်အားလုံးသည် ရှမ်း ပြည်နယ်မှဖြစ်ကြောင်း တွေ့ရှိရ သည်။


ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ် ၁၁ ခုတွင် ၀င်ရောက်ယှဉ်ပြိုင် ခြင်းမပြုဘဲ ချင်းပြည်နယ်၊ တီးတိန်၊ ရှမ်းပြည်နယ်မှ မန်တုံ၊ မိုင်းလား၊ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော၊ဟိုပန်၊ မက်မန်း၊လောက်ကိုင်နှင့် ကုန်းကြမ်းမဲဆန္ဒနယ်များ ဖြစ်ကြသည်။

ထို့အတူ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ‘၀’ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့စုစည်း ထားသည့် ရှမ်းပြည်နယ် အမျိုး သားလွှတ်တော်မဲဆန္ဒနယ်(၁၁) နှင့် (၁၂)တွင်လည်းဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုပေ။

‘‘ရွေးကောက်ပွဲ ကျင်းပမယ်၊မကျင်းပဘူး မသေချာတဲ့ နေရာ တွေမှာ အန်ကယ်တို့က ၀င်မပြိုင် ဖြစ်တာ။ ဥပမာ ‘၀’ဒေသပေါ့။ တချို့မဲဆန္ဒနယ်တွေက မဟာ မိတ်ပါတီတွေကို ရှောင်ပေးတာ ရှိတယ်။ ကျန်တာတော့ အကုန် ၀င်ပြိုင်ပါတယ်’’ဟု ဒီချုပ်ပြော ခွင့်ရ ပုဂ္ဂိုလ်ဦးဝင်းမြင့်က ပြောသည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ် ၂၀ ကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ရာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့်‘၀’ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းတို့ မှ မဲဆန္ဒနယ်များ ဖြစ်ကြသည်။

‘‘အဲဒီနေရာတွေမှာ ရွေး ကောက်ပွဲကျင်းပဖြစ်ခဲ့ပြီး အန်ကယ်တို့ ၀င်ပြိုင်ဖြစ်ခဲ့ရင်လည်း နိုင်ဖို့ က သေချာပေါက်မပြောနိုင်ဘူး။ အန်ကယ်တို့အားကောင်းတဲ့ နေရာရှိသလို တိုင်းရင်းသားတွေ အားကောင်းတဲ့ နေရာလည်း ရှိတယ်’’ ဟု ဦးဝင်းမြင့်ကဆက်လက်ပြောသည်။

ဒီချုပ်သာမက မည်သည့် ပါတီမှဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော မဲဆန္ဒနယ် ၁၂ ခုရှိ နေကြောင်း ရွေးကောက်ပွဲကော် မရှင်မှ ကိုယ်စားလှယ်လောင်း စာရင်းအရ သိရသည်။

သို့သော် ဒီချုပ်ဝင်မပြိုင် သည့် မဲဆန္ဒနယ် ၃၃ ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၂ ခုအထိ ၀င်ရောက်ယှဉ်ပြိုင်ပြီး ၎င်းတို့ယှဉ်ပြိုင်ခြင်း မရှိသော မဲဆန္ဒနယ်ခြောက်ခုတွင် ၎င်း၏ မဟာမိတ်ပါတီဖြစ်သော ‘၀’ဒီမိုကရက်တစ်ပါတီက ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲမကျင်းပဖြစ် သည့် မဲဆန္ဒနယ်များကို ရွေး ကောက်ပွဲနီးမှသာ တရားဝင်ကြေညာမည် ဟု ရွေးကောက်ပွဲကော် မရှင်က ပြောကြားသည်။

7Day Daily
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment