** ထို့ကြောင့် ရှမ်းဟုခေါ်သည် **




ရှမ်းဆိုသည်မှာ သတ္တိဗျတ္တိများဖြင့် ပြီးပြည့်စုံတင်မက အုပ်ချုပ်တတ်သော စွမ်းရည်များလည်းရှိကြပြီး မြို့ပြ လက်နက်နိုင်ငံများကို လွန်ခဲ့သော နှစ်ပေါင်း ထောင်ကျော်ထဲက တည်ထောင် နေထိုင်လာခဲ့ကြသည်။ အိုင်လောဝ်/ လုံ/ ပါး/ လန့်စဝ့်(နန်ချောင်)/ မိုင်းမဝ် စသည့်နိုင်ငံများ တည်ထောင် အုပ်ချုပ်နေထိုင် လာခဲ့ကြသည်ကို သမိုင်းတွင်တွေ့ရသည်။ ရှမ်းလူမျိုးတို့ နေထိုင် အခြေချရာဒေသ မြို့ရွာများ တည်ထောင်ကြပုံမှာလည်း မန်/ နား/ ဖာ့/ တာ ဆိုသော လေးချက် လေးချက်နှင့်ပြည့်စုံသော နေရာတွင်သာ အခြေချ နေထိုင်လေ့ရှိကြသည်။ မန့်- မြို့ /ရွာ၊ နား-လယ်၊ ဖာ-ဆည်/ကန်၊ တာ-ဆိပ်ကမ်း စသည်တို့ဖြင့် လယ်၊ ဆည်၊ ဆိပ်ကမ်းကောင်းသော နေရာများတွင်း မြို့ရွာများကို အတည်တကျ တည်ထောင်နေထိုင်ကြသော လူမျိုးများဖြစ်သည်။

စာလုံးများကို စက္ကူပေါ်တွင် ပထမဆုံး ရေးနိုင်ခဲ့သည့် လူမျိုးများ ဖြစ်ကြသည်။ လက်တန်းကဗျာ သီချင်း လင်္ကာကြီးများကို ရွတ်ဆိုနိုင်သည်အထိ ဥာဏ်ပညာကြီးမားခဲကြသည်။ အဆိုအမိန့် စကားပုံ ပုံပြင် ဇာတ်လမ်းစသည်တို့မှာ ကိုယ်ပိုင်ဟန် ရှိသည်။ စကားပြောဆိုရာဝယ် ဝါကျ စဉ်ရာ၌ စနစ်တကျရှိသည်။ စကားလုံးစဉ်မှုမှာ တစ်ဆင့်ပြီးတစ်ဆင့်လာသည် ။ စကားဖြစ်ပြီးရော မပြောတတ်ကြသည်မှာ တမူထူးခြားပေသည်။
ဥပမာ- ရေနွေး၊ နမ့်နွတ်/ လမ့်လွတ်/ ဒမ့်ဒွတ်၊ ရေ (နာမ်)+ ပူနွေးသော (နာမဝိသေသန)။ လက်ဆးရေ- နမ့်ဆုတ်မိုဝ်း/ လမ့်ဆုတ်မိုဝ်း/ ဒမ့်ဆုတ်မိုဝ်း နမ့်(နာမ်)+ဆေးသည်(ကြိယာ)+လက်(နာမ်) လက်ဆေးရေ အထက်ပါ စာလုံးများကိုကြည့်လျှင် ရှမ်းတို့သည် မြင်ရာကို ဦးစွာဆိုတတ်သည်ကို တွေ့ရသည် ။ "လက်ဆေးရေ" တွင် ရေကို ဦးစွာမြင်သည်။ ထို့ကြောင့် ရေ(နမ့်)ဦးစွာလာသည်။ နောက် လုပ်ဆောင်ချက်ကိုလာသည်။ ထို့ကြောင့် ဆေးသည် (ဆုတ်)က ကပ်လိုက်သည်။ ထို့နောက် လုပ်ဆောင်သည့်အရာ ကပ်လိုက်သည်။ ဤသို့ဖြင့် လက် (မိုဝ်း) မှာကပ်ပါလာရသည်။ ထို့အပြင် စကားလုံး ရှေ့နောက်ချိန်းလိုက်သည်နှင့် နာမ် နှင့် ကြိယာ ပြောင်းလဲနိုင်သည်ကို တွေ့ရသည်။

ဥပမာ- ကြက်ဥကို ရှမ်းလိုခိုင်ကိုင် ခိုင်က-ဥ၊ ကိုင်က-ကြက် ခိုင်ကိုင် နဲ့ ကိုင်ခိုင် ကို လေ့လာကြည့်ပါ ။ ခိုင်ကိုင်= ကြက်ဥ(နာမ်)၊ ကိုင်ခိုင်= ကြက်ဥသည်(ကြိယာ) တို့ကိုတွေ့ရသည်။

ရှမ်းလူမျိုးတို့၏ မျိုးရိုးစဉ်ဆက်ဖြစ်တဲ့ မိမျိုးဘနွယ် နာမည်များကို နားထောင်လိုက်သည်နှင့် ခွဲခြားနိုင်သည်။ မိခင်ဖက်တွင် မိခင်-မယ့်၊ အဖိုး-ပူနိုင်း၊ အဖွား-ယာ့နိုင်း၊ ဦးကြီး-လုံးစဝ်၊ ဒေါ်ကြီး-ပါ့ပါ့၊ ဦးလေး-နာ့စဝ့်၊ ဒေါ်လေး-မယ့်နာ့ တို့ဖြစ်ပြီး။ ဖခင်ဖက်တွင် ဖခင်-ပေါ့၊ ဘကြီး-လုံးအောက်/ပေါ့လုံး၊ ကြီးတော်-ပါ့အောက်၊ ဘလေး-ပေါ့အွမ်/ပေါ့အာဝ်၊ အရီးလေး-မယ့်အား စသည်ဖြင့်တိကျ ခိုင်မာစွာရှိတဲ့ မိခင်ဖခင်ဖက် ဆွေမျိုးအမည် မှည့်ခေါ်ပုံကိုလည်း တွေ့ရသည်။

သားသမီးနာမည်ပေးပုံ စနစ်မှာလည်း ယနေ့တိုင်အောင် ခိုင်မာစွာ သုံးစွဲလျှက်ရှိပေသည်။ သားယောက်ျားလေး အမည်ပေးပုံတွင်

As for male;
အိုက်/ စိုင်း Ai ( က’၊; ) (eldest son),
ယီ Yee ( ယီ; ) (second son),
ဆန် Hsam ( သ၊မ် ) ( third son),
ဆိုင် Hsai ( သ’,) (fourth son),
ငို့ Ngo ( ငူဝ့် ) (fifth son),
နူတ် Nok ( ခေူဂ့် ) (sixth son),
နူ Nu ( ခေူ့ ) (secenth son),
နွဲ့  Noi ( ခွေ’့ ) (eighth son),
လ့ာ Lah ( လု့ ) (ninth son),
လင်း Lun ( လိုခေ်း ) (youngest or last),
ကွဲယ် Koi ( ဂွ’;) (youngest or Last). ဖြစ်ကြသည်။

ဥပမာ - ပထမသား စိုင်းယီအောင်း၊ ဒုတိယသား စိုင်းဆမ်လောဝ်၊ အိုက်ယီအောင်၊ အိုက်ဆမ်လောဝ် စသည်ဖြင့် မှည့်ခေါ်ကြသည်။

သမီးမိန်းကလေးကိုလည်း အထက်ပါ သားယောက်ကျားနည်းတူ အစဉ်မှည့်ခေါ်ပြန်သည်။

As for Female
ယီ/ နန်း Ye ( ယေ; ) (eldest daughter),
အီ Ee ( ကီ, ) (second),
အမ်း Ahm ( က၊မ်; ) (third),
အိုင် Ei ( က’, ) (fourth),
အို့  O ( ကူဝ်; ) (fifth),
အုတ် Ok ( ကူဂ် ) (sixth),
အေ့တ် Et ( ကိတ် ) (seventh),
လိပ် Laik ( လီဂ့် ) (eighth),
လ့ာ Lah ( လဳ ့ေ ) (ninth),
လိန်း Lun ( လိုခေ်း ) (youngest or last),
ကွဲယ် Koi ( ဂွ’; ) ( youngest or last).

ဥပမာ- အိုက်စိုင်း ဟုဆိုလျှင်သားကြီးဟု သိနိုင်ပြီး နန်းကွဲယ် ဆိုလျှင် အငယ်ဆုံးသမီးဟု မမေးပဲသိနိုင်သည်။

ဝတ်စားဆင်ယင်မှုလည်း ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ် ဆိုသလို လက်ဆင့်ကမ်းထိမ်းသိမ်းလာခဲ့ရာ လုံလျှင်ပြီးရော ပုံစံမျိုးမဟုတ်ပေ။ ခေါင်းပေါင်းသည် အဆင်းတန်ဆာ ဖြစ်ပြီး။ ထို့ကြောင့် ခေါင်းပေါင်းကို သေခြာသပ်ရပ်စွာပေါင်းသည်။ ဆံထုံးထုံး၍ပေါင်းလေ့ရှိပြီး။ ဆံဖားလျားချခြင်းသည် ရှမ်းအယူအဆအရ စုန်း/ ကဝေ ဟုသာ သတ်မှတ်လေ့ရှိကြောင်း သိရပါသည်။

ရှမ်းတို့သည် ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူများ ဖြစ်သောကြောင့် မျိုးသမီးများသည် နံနက် စောစောထကာ ကိုယ်လက်သန့်စင်ပြီးသည်နှင့် ခေါင်းပေါင်းကြရသည်။ ဆွမ်း ထမင်းဟင်းချက်သည့်အခါ ထမင်းဟင်းတို့တွင် ဆံစ များကျသွားမည်ကို ကာကွယ်လို၍ ဖြစ်သည်ဟု ဆိုပေသည်။ ခေါင်းပေါင်းသည် ခေါင်းတွင် ပေါင်းရုံမက ကာကွယ်ရေး ပစ္စည်း လက်နက်တခုအဖြစ်လည်း အသုံးချတတ်လျှင် ဓား၊ ဒုတ် လက်များကဲ့သို့ အသုံးချနိုင်ကြောင်း ရှမ်းပညာရှင်တို့က ဆိုထားသည်။ ထမီလုံချည်များ/ ဝတ်စားဟန်များ ဆံထုံးပုံများကို မြင်ရုံနှင့်ပင် တော်ဝင်မင်းမျိုးမင်းနွယ် သူဌေးသူကြွယ် အသက်အရွယ် အပျို / အအို ဆိုသည်တို့ကို ခွဲခြားသိနိုင်ပေသည်။

ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်စာပေယဉ်ကျေးမူ တို့ဖြင့် နှစ်ပေါင်းထောင်ချီ နေထိုင်လာခဲ့သော ရှမ်းတို့သည် ဘယ်အရာမှ ပြီးစလွယ် မလုပ်ခဲ့သည်ကို ယနေ့ခေတ် ရှမ်းလူငယ်တို့ အတုယူ လက်ဆင့်ကမ်း ထိမ်းသိမ်းသင့်ပေသည်။ နေရာတိုင်းတွင် စည်းစနစ်ရှိသည်ကိုလည်း သတိထားသင့်သော အချက်ဖြစ်သည်။ စနစ်ကျခြင်းသည် ရှမ်းဟုဖော်ပြဂုဏ်ဆောင် နေခြင်း ဖြစ်သည်။ မိမိတို့ရိုးရာဓလေ့သည် အောက်တန်းနောက်တန်း မကျပေ။ မိမိတို့ကြောင့်လည်း အောက်တန်းနောက်တန်း မကျသင့်ပေ။ ယနေ့ရှမ်းလူငယ်တို့ အပြောအဆို အရေးအသား အဝတ်အစား တို့ကို သတိထား၍ ပြုလုပ်စေချင်ပါသည်။

ရှမ်းညီနောင်အပေါင်းတို့ တရုတ်ကို နမူနာယူထိုက်ပေသည် တရုတ်သည် ယခင်က ရှမ်းနှင့်ယှဉ်ပြိုင်ဖက် နယ်လုဖက်ဖြစ်သည်။ ယခုအခါ ဒုံးပျံ ဂြိုလ်တုနှင့် ကမ္ဘာပတ်နေသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ ကြရပေသည်။ သို့သော် ဓလေ့ စရိုက် ရိုးရာမှာမူ လုံးဝ အပျက်မခံပေ။ ခေတ်နဲ့အညီ တီထွင်လျှင်လည်း ရိုးရာကို အခြေခံထားပြီး တွီထွင်သည်ကို တွေ့ရပေသည်။ ယခုခေတ် ရှမ်းလူငယ်များလည်း မိမိတို့ရိုးရာကို သတိချပ်ကာ လုပ်ကိုင်ဆောင်ရွက် သင့်ပေသည်။ တရုတ်တို့သည် ရောက်လေရာနိုင်ငံတိုင်းတွင် တရုတ်မှန်းသိတောင် ဆိုင်သို့မဟုတ် အိမ်တို့တွင် တရုတ်စာအနီ ဒါမှမဟုတ် တရုတ်အထိမ်းအမှတ် နဂါးပုံ၊ ခြင်္သေ့ပုံများ လူမြင်သာ နေရာတွင် ကပ်လေ့ရှိကြသည်။

ယနေ့ ရှမ်းအမျိုးသားတို့ သည်လည်း အနဲဆုံး မိမိတို့၏ဓလေ့ ထုံးစံများကို သတိရှိစွာဂရုစိုက် လက်ဆင့်ကမ်း ထိမ်းသိမ်းသင့်ပေသည်။ ကိုယ်မသိလျှင် သိသူများကို မေးမြန်း၍ နမူနာယူပါ စီစစ်ပါ လက်ခံကျင့်သုံး လက်ဆင့်ကမ်းမျှဝေပါ။ ငါနှင့်မတူ ငါ့ရန်သူဟူသော အတ္တမျိုးထားခြင်းသည် ဆုတ်ယုတ်မူသာ ဖြစ်စေပြီး။ အပြုသဘောဆောင် အမှားထောက်ပြလာသည်ကို ပြန်လည်ရန်ရှာခြင်း မသင့်ပေ။ အမျိုးချစ်သည်က သပ်သပ် အမှားချစ်မိသည်က သပ်သပ်ပင်ဖြစ်ကြောင်း အသိပေးခြင်းဖြင့် လက်တွဲညီညာစွာ ရှေ့တို့တက်လှမ်းကြရန် ညီနောင်တို့အား တင်ပြရင်း နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်သော မိမိတို့၏ ရိုးရာအမွေအနှစ်တို့ကို မိဖဘိုးဘွားတို့မှ ထိမ်းသိမ်းစောင့်ရှောက် လာသော လူမျိုးပေမို့.. ထို့ကြောင့်ရှမ်းဟုခေါ်သည်။

ဆောင်းပါရှင်- ဆေခမ်းဖ မန္တလေးတက္ကသိုလ်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment