မန်စီတိုက်ပွဲပြင်းထန်းဆဲဖြစ်ပြီး စာသင်ကျောင်းများပိတ်ထားရ


ဗန်းမော်ခရိုင် မန်စီမြို့ရွာသစ်ကုန်းအနီးတွင် အစိုးရတပ်နှင့် ကေအိုင်အေ တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်များဖြင့်
 အပြန်အလှန် ပစ်ခတ်နေသည့်အတွက် ယနေ့စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီခန့်မှ မန်စီမြို့ရှိ စာသင်ကျောင်းအားလုံး ပိတ်လိုက်ရကြောင်း သိရသည်။

ယခုလစက်တင်ဘာလ ၁၈ ရက်နေ့မှ ပြန်လည်စတင်ဖြစ်ပွားလာသည့် တိုက်ပွဲကြောင့် လက်နက်ထိမှန်ကာ ပြည်သူများ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိထားပြီဖြစ်သည့်အတွက် ဒေသခံများ ထပ်မံ ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ကျောင်းအားပိတ်လိုက်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြို့လည် စေတီကုန်းတွင်ထိုင်သည့် စစ်တပ်မှလည်း တိုက်ပွဲဖြစ်ရာသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခိုက်နေသည့်အတွက် ရပ်ကွက်အချို့မှ ဒေသခံများလည်း အခြားရပ်ကွက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်းသိရသည်။

Kachinwaves
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment