တိုင်ဝမ်မှာ ဒူဂျူအန်း မုန်တိုင်းကြောင့် လူ ၂ ဦးသေ




တနင်္လာနေ့ ညပိုင်းက တိုက်ခတ်ခဲ့တဲ့ အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် တိုင်ဝမ်မှာ လူ ၂ ဦး သေဆုံး ခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဒူဂျူအန်းရဲ့ လေတိုက်ခတ်မှုနှုန်းဟာ တနာရီ ၁၄၁ မိုင်အထိ မြင့်မားခဲ့တာကြောင့် မုန်တိုင်းအတွင်း အိမ်ပေါင်း ၁.၈ သန်းခန့် လျှစ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။လူထောင်ပေါင်း များစွာဟာ မုန်တိုင်းမကျရောက်ခင်မှာ ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ခဲ့ကြပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ တွေက လည်း အရေးပေါ်စောင့်ကြည့်ခဲ့ကြပါတယ်။

တချို့ဒေသတွေမှာ တစ်နေ့တည်းမိုးရေချိန် ၉၀၀ mm အထိရွာသွန်းခဲ့ပြီး အဲဒီ တရက်တည်း ရွာသွန်းတဲ့ မိုးရေချိန်ဟာ တိုင်ဝမ်ရဲ့ပုံမှန်တနှစ်ရွာသွန်းတဲ့ ပျမ်းမျှ မိုးရေချိန်ရဲ့ သုံးပုံတပုံ ရှိခဲ့ပါတယ်။
ဒီနေ့ အင်္ဂါနေ့ မနက်ပိုင်းမှာတော့ ဒူဂျူအန်း မုန်တိုင်းဟာ အားပျော့သွားပြီး တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fujian ပြည်နယ်ဘက်ကို ဦးတည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အသက်ရွယ်ကြီးသူတစ်ဦးနဲ့ ဆောက်လုပ်ရေး လုပ်သားတစ်ဦးတို့ သေဆုံးခဲ့တဲ့အပြင် လူပေါင်း ၃၀၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း တိုင်ပေရှိ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
မုန်တိုင်းကြောင့် ကျောင်းများ ပိတ်ထားရပြီး မီးရထားနဲ့ လေကြောင်း ခရီးစဉ်တွေ ပြတ်တောက်ခဲ့ ပါတယ်။ ရေကြီးပြီး မြေပြိုမှုတွေနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ လှိုင်းကြီးမှု အန္တရာယ်တွေ ရှိနိုင်သေးကြောင်း တိုင်ဝမ်အစိုးရ အာဏာပိုင်တွေက သတိပေးထားပါတယ်။

BBC Burmese
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment