တိုက်ပွဲတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာနယ်မြေသတ်မှတ်မှု မရှိတာကြောင့်လို့ ဆို
11.9.2015
အခုချိန်ထိအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ နယ်မြေသတ်မှတ်မှုမရှိတာကြောင့်လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာကဒေါက်တာမင်းဇော်ဦး ကပြောပါတယ်။
ဒါကြောင့် အပစ်ရပ်စာချုပ်မှာ တပ်နေရာချထားရေး ကိစ္စကို ထည့်သွင်း ရေးဆွဲထားပါတယ်လို့ ၄င်းကဆိုပါတယ်။
ဒီအချက်ကို အစိုရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်ကလိုက်နာမှုရှိမရှိ ကို ပြည်ထောင်စုအဆင့် ၊ ပြည်နယ်အဆင့်၊ ဒေသအဆင့် စောင့်ကြည့် အဖွဲ့တွေ ထားရှိပြီးစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်လို့သိရပါတယ်။
အစိုးရဘက်က လက်ခံတဲ့ KIA,KNU,CNF,SSPA,KNPP, PNLO,DKBA, NMSP,KNU(PC),ALP, ABSDF,စသဖြင့် အဖွဲ့တွေဟာ တပ်မတော်အစိုးရနဲ့ တိုက်ပွဲပေါင်းများစွာဖြစ်လာတဲ့အဖွဲ့တွေဖြစ်ပြီး ကျန် အဖွဲ့တွေ ဟာအစိုးရနဲ့ တိုက်ပွဲမဖြစ်ဖူးတဲ့အဖွဲ့တွေ၊ ထိန်းချုပ်နယ်မြေမရှိတဲ့အဖွဲ့တွေ၊ နယ်စပ်မှာ လှုပ်ရှားတဲ့အဖွဲ့တွေ ဖြစ်တာကြောင့်တစ်ကြောင်း၊ မတရားအသင်း သတ်မှတ်ထားတဲ့အသင်းတွေ မဟုတ်တာကြောင့်တစ်ကြောင်း အပစ်ရပ် လက်မှတ် ထိုးရာမှာမပါဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာမှပဲ ပါဝင်ဖို့ အစိုးရဘက်ကသတ်မှတ်တာဖြစ်တယ်လို့ သူတို့က ပြောကြပါတယ်။
''ဥပမာ ANC ဆိုတဲ့အဖွဲ့ဟာ အင်အား ၅၀လောက်ပဲရှိတယ်။
ထိန်းချုပ်နယ်မြေလည်းမရှိဘူး။ မတရားအသင်းဝင်တွေလည်းမဟုတ်ဘူး။ အစိုးရနဲ့လည်းတိုက်ပွဲလို့ပြောလို့ရတာမရှိဘူး။အဲ့ဒီတော့ bilatural လည်းမရှိဘူး။ ပြီးတော့ ကျွန်တော်တို့နဲ့ငြိမ်းချမ်းရေးတည်ဆောက်ထားတဲ့ မွန်ပြည်သစ်ပါတီက ခွဲထွက်သွားတဲ့ ဦးနိုင်ပန်းညွှန့် ဆိုတဲ့အဖွဲ့ရှိတယ်။ အင်အား၃၀၀လောက်ရှိတယ်။ သူတို့လို အဖွဲ့ကို ကျွန်တော်တို့ကထားခဲံ့ပြီး ခုနက အင်အားငါးဆယ်လောက် ရှိတဲ့ ANC အဖွဲ့ ကိုလက်ခံရင် အားလုံးပါဝင်ရေးလို့ကျွန်တော်တို့က ပြောလို့မရတော့ဘူး။ အဲ့ဒါကတစ်ချိန်မှာရှုပ်လာမှာ။ANC ထက်အင်အားများပြီးတိုက်ပွဲ တွေဖြစ်ဖူးတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်''လို့ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကပြောပါတယ်။
ရဲလွင်
Popular News Journal
0 comments:
Post a Comment