တိုင်းရင်းသား ဒေသများတွင် မိုင်းတုံ ရေကာတာ အပါအ၀င် အကြီးစား စီမံကိန်းများကို ဆိုင်းငံ့ထားရန် အရပ်ဘက် အဖွဲ့စည်း (၂၁၉)ဖွဲ့မှ တောင်းဆိုလိုက်သည်။
“ဒီအချိန်မှာ အကြီးစား စီမံကိန်းတွေကို ရှေ့ဆက်လုပ်မယ်ဆိုရင် အဖိုးတန် သဘာဝ အရင်းအမြစ်တွေ အပေါ် ထိန်းချုပ်ခွင့်နဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ ပိုမိုဆိုးရွားလာနိုင်တယ်။ အရင်းအမြစ်တွေကို စီမံအုပ် ချုပ်ရေးနဲ့ အကျိုးမြတ် ခွဲဝေခံစားခွင့်အတွက် ထည့်သွင်း ဆွေးနွေးရမယ့် နိုင်ငံရေး ဆွေးနွေးမှု လမ်းကြောင်း ကို လွဲချော်စေနိုင်တယ်။ ဒါကြောင့် ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ဒီမိုကရေစီ အခွင့်အရေး အာမခံချက်နဲ့ ဗဟိုထိန်းချုပ်မှုကို လျှော့ချတဲ့ တန်းတူအခွင့်အရေး အာမခံချက်ရှိတဲ့ ဖက်ထရယ် ပြည်ထောင် စု စနစ်တွေ မရှိသေးသ၍ ဆိုင်းငံ့ထားဖို့ကို တောင်းဆိုတာပါ”ဟု ရှမ်းပြည်နယ် မြစ်ချောင်းများ ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့မှ ညှိနှိုင်းရေးမှူး နန်းခမ်းနောင်က ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ် ပြည်သူလူထု အနေဖြင့် မိုင်းတုံရေကာတာ စီမံကိန်းများမှ ထွက်ပေါ်လာ မည့် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများ ရှိသကဲ့သို့ ရှမ်းပြည်နယ် အတွင်းရှိ ရေကာတာ စီမံကိန်း အများစုမှာ တိုက်ပွဲပဋိပက္ခများ ဖြစ်ပွားရာ နေရာဒေသတို့တွင် တည်ရှိခြင်းတို့ကြောင့် စိုးရိမ်ပူပန်မှုများ ရှိကြောင်း သိရသည်။
“ဒီမှာ ကွမ်းလုံရေကာတာ မဆောက်ခင် တိုက်ပွဲ အကြီးအကျယ်ဖြစ်တယ် စစ်ပြေးတွေ အလိုလိုရွာရှောင်တွေ ဖြစ်အောင် လုပ်တယ်။ ဒီလိုဆည်ဆောက်တဲ့ ဒေသမှာ ငြိမ်းချမ်းရေး မရှိတော့ အထူးသဖြင့် ကလေးတွေနဲ့ အမျိုးသမီးတွေက ဒုက္ခရောက်ကြတယ်။ ပြီးတော့ စီမံကိန်းဘေးနားမှာနေတဲ့ ရွာတွေက အများကြီးပဲရှိတယ်။ ဒီရေကာတာတွေ တည်ဆောက်မယ် ဆိုရင် အနီးနားကရွာတွေ အကုန်လုံး ရေလွှမ်းမှာ ဒါကိုဒေသခံတွေက စိုးရိမ်နေကြတယ်။ တစ်ရွာနှစ်ရွာထဲ ရှိတာမဟုတ်ဘူး။ ရွာပေါင်းများစွာ ရှိတာ”ဟု သံလွင်သားချင်းများ အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိုသို့ တောင်းဆိုရာတွင် ရှမ်းပြည်နယ် မျိုးဆက်သစ်၊ စိမ်းရောင်စို၊ ကဗျာချစ်သူများ အသင်း၊ ပေါင်းလောင်းလူငယ် ကွန်ရက်၊ မြန်မာအစိမ်းရောင် ကွန်ရက်၊ သွေးချင်း ဧရာဝတီ၊ အောင်သုခ၊ Save the Salween Network ၊ Burma River Network ၊ Our Furture Initiative ၊ ဒို့မြေကွန်ရက်၊ မေမြို့တောင်သူ ကွန်ရက်၊ ပေါင်းကူး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ကွန်ရက်(ပြင်ဦးလွင်) စသည့် အဖွဲ့အစည်းများ အပါအ၀င် အဖွဲ့အစည်း(၂၁၉)ဖွဲ့မှ တောင်းဆိုခြင်း ဖြစ်သည်။
Messenger News
Home / တိုင်းရင်းသားရေးရာ /
သတင်း
/ အကြီးစား စီမံကိန်းများ ဆိုင်းငံ့ရန် အဖွဲ့အစည်း (၂၀၀)ကျော် တောင်းဆို
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment