ခေမရဋ်မှ ဂုံသျှမ်းတို့အကြောင်း
26.9.2015
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ကျိုင်းတုံမြို့နယ်တွင်ရှိသော တိုင်းရင်း သားများမှာ များစွာရှိပါသည်။ ၎င်းတို့မှာ သျှမ်း၊ ဂုံသျှမ်း၊ လိသျှမ်း၊ သျှမ်းတရုပ်(ခေါ်)တိုင်းနေ၊ အဲန်၊ ကော်၊ လီဆော၊ အခေ၊ လွယ်လ၊ ပလောင်၊ လားဟူ၊ ကွီ၊ ခယ်ဝစသည်တို့ဖြစ်သည်။
၎င်းတို့ထဲမှ ဂုံသျှမ်းတို့၏အကြောင်းကို ဖော်ပြလိုက်ပါသည်။လူမျိုးဆင်းသက်လာပုံ တစ်ချို့သောပညာရှင်များက ဂုံသျှမ်းတို့သည် (ဆိ)ပ်ဆောင်ပန်းနားဒေသ ယူနန်နယ်တောင်ပိုင်းမှ ဆင်းသက်လာသည်ဟု
ယူဆကြသည်။ တစ်ချို့ပညာရှင်များကမူ ဂုံသျှမ်းတို့သည် ထိုင်းတရုပ်အနွယ်ဝင်ဖြစ် ပြီး တရုပ်ပြည်မှ
ရွှေလီမြစ်ကြောင်းအတိုင်း ဆင်းသက်လာ၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည်။ထိုလူမျိုးများတွင် သျှမ်းနှင့်ကရင်ဟူ၍ နှစ်စုကွဲပြီး သျှမ်းအုပ်စုမှာ ဒေသကိုလိုက်၍ သုံးမျိုးခွဲထားသည်။
ရှေး မင်းများအခေါ်အရ အနောက်သျှမ်း၊ မြောက်သျှမ်း၊ အရှေ့သျှမ်းဟုခေါ်သည်။ အလယ်သျှမ်းနှင့်
အရှေ့သျှမ်း သည် (ဂုံ)လူမျိုးပါဝင်သည်။အမှန်မှာ ဂုံသျှမ်းတို့သည် သျှမ်းအမျိုးထဲမှပေါက်ဖွားလာသောလူမျိုးတစ်မျိုးသာ ဖြစ်ပါသည်။ နေရာဒေသလိုက်၍ အပြောအဆိုကွဲပြားသွားခြင်းသာ ဖြစ်ပါသည်။
ထိုကွဲပြားသောစကားအ ခေါ်အဝေါ်မှာ သျှမ်းတို့နှင့်အဓိပ္ပါယ်တူ၍ ဂုံစကားသည် သျှမ်းတို့ထက်ပေါ့ပါသည်။
ဤသည်ကို လူမျိုးတစ် မျိုးအနေဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။ က၀ိလက္ခဏာသတ်ကျမ်းတွင်
ကျိုင်းတောင်း၊ ကျိုင်းတုံမြို့၊ မိုင်း လုံ၊ မော်လုံသျှမ်း(တို့ကျေး)ဟူ၍၎င်း၊ (ကချင်နှင့်ဂုံဖြူနှင့်မြုံသထုံသည်
ကလေး)ဟူ၍၎င်း၊ ကျိုင်းတုံနှင့်ဂုံတို့ကို ဖော်ပြထားသည်။နေထိုင်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း
သျှမ်းကိုးပြည်ဝင် ကျိုင်းတုံနယ်၌ အများဆုံးနေထိုင်ကြသည်။ဂုံတို့က ကျိုင်း တုံကို ခေမရဋ်ထိုင်းဟုခေါ်သည်။ ဂုံပြည်ဟူ၍လည်း ရေးသားသည်။ ထို့ကြောင့် သံလွင်မြစ် အရှေ့ဖက်ကမ်း တွင် နေရာအနှံ့အပြား
နေထိုင်ကြသည်။
ဘာသာစကားနှင့်စာပေ
ဘာသာစကားမှာ သျှမ်းဘာသာစကားဖြစ်သော်လည်း သျှမ်းဘာသာစကားထက် အသံပေါ့ပါသည်။ တစ်ချို့သော အခေါ်အဝေါ် အနည်းငယ်သာ ကွဲပြားသည်။ ဂုံသျှမ်းတို့သည် ကိုယ်ပိုင်စာပေရှိခဲ့သည်မှာ
နှစ် ပေါင်း ရာပေါင်းများစွာက ရှိခဲ့သည်။ ဂုံစာမှာ သရ(၈)လုံး၊ ဗျည်း(၃၃)ရှိ၍ မြန်မာစာနှင့်ဆင်သည်။
ဂုံစာတွင် ပါဠိအနက်အဓိပ္ပါယ်ဝေါဟာရများ အပြည့်အစုံပါသော ပိဋကတ်သုံးပုံလည်း ရှိပါသည်။
အရေးအသားမှာ အ မျိုးမျိုးရှိသည်။
၎င်းတို့မှာ
(၁)ပါဠိရေးနည်း၊ (၂)သီချင်းအမျိုးမျိုးရေးနည်း၊ (၃)(ဆံမ်း)ခေါ်ဘုရားစာရေးနည်း နှင့်ရိုးရိုးစကားပြေရေးနည်း ရှိသည်။ များသောအားဖြင့် ပေရွက်ပေါ်တွင် ကညစ်ဖြင့် ရေးသော ဘုရားစာရေး နည်းမှာ အများဆုံး
အသုံးပြုသည်။ ဤရေးနည်းမျိုးသည် ဇာတ်တော်ကြီးဆယ်ပါးအကြောင်းများသာ ရေးသည်။
သီချင်းရေးနည်းများမှာ -(၁)မတ်ခေါ်သီချင်းရေးနည်း၊
(၂)ဆေား...ခေါ်သီချင်းရေးနည်း၊
(၃)(ဆိန်)ခေါ်သီချင်းရေးနည်းနှင့်၊
(၄)ကပ်ကိုင်လပ်လိုင်ခေါ်ကဗျာရေးနည်းတို့ ဖြစ်သည်။
ဤသီချင်းများသည် (မတ်)နှင့်(ဆော)ရေးနည်းသည် အနုဆုံးရေးနည်း ဖြစ်သည်။ သမီးရည်းစားစာကို
ဤရေးနည်းဖြင့်သာ ရေးကြရသည်။
ဆင်ယင်ထုံးဖွံ့မှု အမျိုးသား၏ဆင်ယင်ထုံးဖွဲ့မှုမှာ သျှမ်းတို့နှင့်တူသည်။ ရှေးအခါတွင် ဂုံသျှမ်းတို့၏ဘောင်းဘီဂွသည် ဒူးအောက်၌ ရှိသည်။ အမျိုးသမီးတို့၏ဆင်ယင်ထုံးဖွဲ့မှုမှာ သျှမ်းအမျိုးသမီးနှင့်ဆင်တူသော်လည်း
ဆံပင် ထားပုံမှာ ခြားနားသည်။ ဂုံဆံထိုးဟုခေါ်သော ထိပ်တည့်တည့်ထားသည့်ကွင်းပါသော ဆံထုံးထုံးပြီး
ရွှေဖြင့် ပြုလုပ်ထားသော ပန်းပွင့်သဏ္ဌာန်စိုက်ထိုးလေ့ရှိသည်။ အင်္ကျီမှာ ထိုင်မသိမ်းအင်္ကျီကဲ့သို့ ကိုယ်ကြပ်ရင်ဖုံး အင်္ကျီဖြစ်သည်။ ထမီမှာ ဆိန်လိခေါ် သျှမ်းထမီများသာ ၀တ်ဆင်ကြသည်။ အဓိပ္ပါယ်မှာ လိုသျှမ်းထမီဟုအ ဓိပ္ပါယ်ရပါသည်။ ရှေးခေတ်အမျိုးသမီး အနွေးထည်မှာ ရှေ့ဖိုးထိုင်မသိမ်း အတောင်ကော့ မှန်ကူကွက်အ တွင်း၌ ၀ါဂွမ်းခံချုပ်ထားသော အနွေးထည်ဝတ်ဆင်ကြသည်။ယုံကြည်ကိုးကွယ်မှု ဂုံသျှမ်းအားလုံးတို့သည် ဗုဒ္ဓဘာသာကိုသာ အထွဋ်အမြတ်ထား၍ ယုံကြည်ကိုးကွယ်ကြသည်။ တစ် မူးရလျှင်
တစ်ပဲလှူသောလူမျိုးများ ဖြစ်ကြသည်။ အလှူအတန်းကို အလွန်ရက်ရောသော လူမျိုးတစ်မျိုး လည်း
ဖြစ်သည်။ ရွာစောင့်နတ်၊ ညောင်စောင့်နတ်၊ အိမ်စောင့်နတ် စသည်တို့ကို ယုံကြည်ကိုးကွယ်ကြ သည့်
လူမျိုးလည်း ဖြစ်သည်။
Shan Fashion
0 comments:
Post a Comment