ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံတွင် သစ်တောဟက်တာ နှစ်သန်း ပြုန်းတီးခဲ့


Friday, September 11, 2015

မြန်မာနိုင်ငံ၏သစ်တော အများဆုံးရှိသည့် ဒေသကြီးသုံးခု တွင် အကောင်းပကတိအတိုင်းရှိ နေသည့် သစ်တောဟက်တာ ၁၆ သန်းကျော်သာ ကျန်ရှိတော့ပြီး ဆယ်စုနှစ်အတွင်း ဟက်တာနှစ် သန်း ပြုန်းတီးခဲ့သည်ကို တွေ့ရှိရကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက သတင်းထုတ်ပြန်လိုက်သည်။

သစ်တောဖုံးလွှမ်းမှု အများ ဆုံးရှိသော ပြည်နယ်နှင့်တိုင်းဒေ သကြီးစာရင်းတွင်ပါဝင်သော က ချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ကို အသင်းက လေ့လာခဲ့ခြင်း ဖြစ် သည်။

ယင်းပြည်နယ်နှင့် တိုင်းဒေ သကြီးတို့တွင် ၂၀၀၂ က သစ် တောဖုံးလွှမ်းမှုဟက်တာ ၁၈သန်း ရှိခဲ့သော်လည်း သစ်အလုံးလိုက် တင်ပို့မှု မရပ်ဆိုင်းမီ ၂၀၁၃ တွင် ဖုံးလွှမ်းမှုမှာ ၁၆ သန်းခန့်သာကျန် ရှိတော့ကြောင်း စိမ်းလန်းအမိ မြေအသင်း၏ ဥက္ကဋ္ဌဦးဝင်းမျိုးသူကပြောသည်။

‘‘ဒီသုတေသနမတိုင်မီတုန်း က သစ်တောပျောက်ကွယ်မှုက ၁၁ ဒသမ ၁ ရာခိုင်နှုန်းပဲရှိတယ်။ ဒီဘက် ၁၀ စုနှစ်မှာ သစ်တော ပြုန်းတီးမှု ပိုများလာတယ်။ အဲဒီ တုန်းက လေ့လာခဲ့တာက တော ပိတ်ရော၊ တောပွင့်ရော။ အခု ပြောနေတဲ့ ရာခိုင်နှုန်းက တော ပိတ်တစ်ခုတည်းကိုပြောနေတာ။ တောပွင့်ကိုပါ လေ့လာရင်ပိုများ လာဦးမယ်’’ ဟု ဦးဝင်းမျိုးသူကပြောသည်။

ယင်းဒေသသုံးခု၏ သစ် တောထူထပ်မှု များပြားသည့် တောကိုသာ လေ့လာခဲ့ခြင်းဖြစ်ပြီး ၁၀ ရာခိုင်နှုန်းအောက် သစ်တော များကို လေ့လာထားခြင်းမဟုတ် သောကြောင့် သစ်တောပြုန်းတီးမှု သည် ယခုထက်ပိုများနိုင်သည်ဟု ဦးဝင်းမျိုးသူက ပြောခဲ့ခြင်းဖြစ်သည်။

ယင်းဒေသများ၏ ပြုန်းတီး မှုအကြောင်းအရင်းကို လေ့လာ ရာတွင် စိုက်ပျိုးရေးကြောင့် သစ် တောပြုန်းတီးမှု အများဆုံးဖြစ်နေ သည်ကို တွေ့ရှိရပြီး သစ်ခုတ်မှု ရာခိုင်နှုန်းမှာ အနည်းအကျဉ်းသာ ရှိနေကြောင်း စိမ်းလန်းအမိမြေ အသင်း၏ အစီရင်ခံစာတွင် ဖော် ပြထားသည်။

သစ်တောဖုံးလွှမ်းမှုအများ ဆုံးရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးစာရင်းတွင် ပါဝင်သော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေ သကြီးနှင့် ကချင်ပြည်နယ်တို့ကို အဓိကထား၍ အသင်းကလေ့လာ ခဲ့ရာ ယင်းကဲ့သို့တွေ့ရှိရခြင်းဖြစ် ကြောင်း စက်တင်ဘာ ၉ ရက်၌ ရန်ကုန်မြို့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းပြည်နယ်နှင့် တိုင်းဒေ သကြီး သုံးခုတွင် ဆယ်စုနှစ်အ တွင်း သစ်တော ၁၂ ရာခိုင်နှုန်းခန့် ပျောက်ဆုံးခဲ့ပြီး သစ်တောပြုန်း တီးမှု အများဆုံး ဖြစ်ရသည့်အ ကြောင်းရင်းများကို လေ့လာရာ စိုက်ပျိုးရေး၊ သစ်ခုတ်မှုများနှင့် ဆည်တည်ဆောက်ခြင်းတို့ကြောင့်ဖြစ်သည်ဟု အသင်း၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

7Day Daily
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment